Monday, June 23, 2025

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...
HomeMusicသားဖြစ်သူ ဇော်ဝင်းထွဋ်အကြောင်းပြောပြတဲ့ တေးသံရှင်ကြီးထား

သားဖြစ်သူ ဇော်ဝင်းထွဋ်အကြောင်းပြောပြတဲ့ တေးသံရှင်ကြီးထား

တေးသံရှင်ကြီးထားက သူ့ရဲ့သားနှစ်ဦးဖြစ်တဲ့ ဇော်မျိုးထွဋ်နဲ့ ဇော်ဝင်းထွဋ်တို့ ညီအစ်ကိုနှစ်ဦးကို ငယ်စဉ်ကတည်းက ဂီတနဲ့ပတ်သက်ပြီး သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ တစ်ယောက်ကို စောင်းသင်ခိုင်းပြီး တစ်ယောက်ကိုပတ္တလားသင်ခိုင်းစေခဲ့ပါတယ်။ ဒီလို သင်ခိုင်းစေခဲ့ခြင်းကလည်း နက်နဲလှတဲ့ မြန်မာ့ဂီတကို သူ့တို့ရဲ့ရင်ထဲကိုသွင်းပေးလိုက် ခြင်းဖြစ်တယ်လို့တေးသံရှင်ကြီးထားက ပြောပါတယ်။

 

“ဒါကြောင့်လည်း ညီထွဋ်က သူ့ရဲ့မျိုးရိုးကြောင့်လည်းပါသလို ငယ်ငယ်က သူ့ကို သန္ဒေတည်ပေးခဲ့တာကြောင့်လည်း မြန်မာသံအပေါ်မှာ လေးလေးစားစားရှိတယ်။ မြတ်နိုးတယ်။ သူကိုယ်တိုင်ကလည်း မြန်မာသံကိုဆိုတတ်တယ်။ သူ့အသံကြီးနဲ့ မလိုက် လို့သာ သူကမဆိုတာပါ။ ပြီးတော့ ညီထွဋ်ကိုငယ်ငယ်လေးကတည်းက သင်ထားတယ်။ မေမေရဲ့ ဂီတသမားလူကြီးတွေကို လေးလေးစားစားဆက်ဆံရမယ်လို့ သွန်သင်ခဲ့တယ်။ ဒါကြောင့်ညီထွဋ်ကလည်း လူကြီးတွေအကုန်လုံးကို လေးစားပါတယ်”လို့ သားဖြစ်သူကိုဇော်ဝင်းထွဋ်နဲ့ပတ်သက်လို့ တေးသံရှင်ကြီးထားကပြောပြပါတယ်။

ဆက်လက်ပြီးလည်း တေးသံရှင်ကြီးထားကို သူ့ရဲ့မြေးဖြစ်တဲ့ အီးတိုးနဲ့ပတ်သက် လို့လည်း မေးမြန်းတဲ့အခါမှာတော့ “အီးတိုးနဲ့ပတ်သက်လို့ကတော့ အီတိုးဘာလုပ်နေလဲ ဆိုတာမသိဘူး။ သူတို့ခေတ်ကို အန်တီလိုက်မမီဘူး။ ညီထွဋ်ခေတ်ကိုတော့ အန်တီ မီသေးတယ်။ ခံစားတတ်သေးတယ်။ အီးတိုးတို့ကြတော့ သူတို့ကတီထွင်နေတယ်။ သူကတော့ပြောပြပါတယ်။ သားဘယ်လိုတွေလုပ်နေတယ်ပေါ့။ ဒါပေမယ့် ကိုယ်နား မလည်ဘူးလေ”လို့ ပြောပြပါတယ်။ တေးသံရှင်ကြီးထားက ဒေါ်မာမာအေးရဲ့ မွေးနေ့ဖျော်ဖြေပွဲမှာလည်း ပါဝင်သီဆိုပေးဦးမှာဖြစ်ပါတယ်။

သူ့အနေနဲ့ မြန်မာသံလောကနဲ့ပတ်သက်လို့လည်း အခုလိုဆက်လက်ပြော ပြခဲ့တာက…

“တစ်ခါတလေတော့လည်း စိတ်တော့မကောင်းဘူး။ ခေတ်ကလည်း ခေတ်ပေါ့လေ။ ညီထွဋ်တို့ခေတ်ကနေ ပြောင်းလာတာပုံစံလေးတွေကိုမနည်းတော့ဘူး ပေါ့လေ။ ဒါပေမယ့် ဘယ်လောက် ပြောင်းလာ ပြောင်းလာ ပြောင်းလာတာသည် အန်တီတို့ရဲ့မြန်မာမှုမဟုတ်ဘူး။ သူ့ခေတ်နဲ့သူတို့ နိုင်ငံတကာနဲ့ခေတ်မီအောင် ပြောင်းလဲတဲ့သဘောပဲရှိတယ်။ အန်တီတို့ရဲ့မြန်မာမှုအစစ်တို့မဟုတ်ဘူးပေါ့။ အဲဒီတော့ မြန်မာတွေသည်ကိုယ့်ရဲ့မြန်မာမှု အစစ်ကိုတော့မမေ့မလျော့ကြနဲ့လို့တော့ အားလုံးကို အန်တီပြောချင်ပါတယ်”လို့ တေးသံရှင်ကြီးထားက သြဝါဒစကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071