Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' Newsသားဖြစ်သူကို လိမ္မာရေးခြားရှိတဲ့ ယောက်ျားတစ်ယောကဖြစ်စေချင်တယ်...

သားဖြစ်သူကို လိမ္မာရေးခြားရှိတဲ့ ယောက်ျားတစ်ယောကဖြစ်စေချင်တယ် သဉ္ဇာနွယ်ဝင်း်

ကို Steven Hla နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းရဲ့ သားဦးလေးက အခုဆိုရင် တစ်လသားကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီတစ်လ သားကျော် အရွယ်သားလေးက အခုချိန်မှာ မိခင်နို့တစ်ခုတည်း မနိုင်တော့ တာကြောင့် နို့မှုန့်ပါ တွဲပြီး တိုက်ကျွေးနေရပြီဖြစ်ကြောင်းနဲ့ သားလေးကို တစ်နှစ်ခွဲအထိ မိခင်နို့ကို တိုက်ကျွေးသွားမှာ ဖြစ်ကြောင်းကို သဉ္ဇာနွယ် ဝင်းက ..

“သဉ္ဇာ အစက စဉ်းစားတာက ၆ လထိတိုက်မယ်ပေါ့နော်။ ဒါပေမဲ့ သူ့အဖေက တစ်နှစ်ခွဲလောက်ထိ တိုက်ကျွေးဆိုတော့ သဉ္ဇာလည်း တစ်နှစ်ခွဲ လောက်ထိတော့ တိုက်ကျွေးဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ အခုကျတော့ ကလေး က မိခင်နို့မလောက်ဘူး။ မိခင်နို့မလောက်တော့ နို့မှုန့်ကတော့ နည်းနည်း ကူပေးရတယ်။ သူကနည်းနည်းတော့ အစားကြီးတယ်။ သူက တစ်ချိန်လုံး နို့စို့လိုက် သေးပေါက်လိုက်နဲ့ အဲဒီလိုနေတာ။ အဲဒီတော့ မိခင်နို့က မလောက် ဘူး။ နို့မှုန့်ကူရတယ်။ မိခင်နို့က အကောင်းဆုံးပဲ ဆိုတော့လေ မိခင်နို့ကို အကြာကြီး တိုက်ကျွေးချင်တယ်။ မိခင်နို့တစ်ခုတည်းတော့ မဟုတ်ဘူးပေါ့ နော်။ ၆ လကျော်ရင် တခြားဖြည့် စွက်စာတွေကိုလည်း ကျွေးလို့ရပြီဆိုတော့ မိခင်နို့လည်းတိုက်ကျွေးမယ်။ အခြားဖြည့်စွက်စာတွေလည်း ကျွေးသွားမယ် ပေါ့နော်။ သူ့အတွက် အဆင်ပြေမယ့်အရာကိုပဲ အဓိကလုပ်သွားမှာပါ။ တချို့ ကျတော့လည်း ၆ လကျော်တဲ့အခါမှာ နို့မှုန့်ကို စွဲသွားပြီးတော့ မိခင်နို့ မသောက်တော့တာတွေလည်းရှိတယ်။ စဉ်းစားထားတာတွေကတော့ တစ်နှစ်ခွဲ လောက်ထိ တိုက်ကျွေးမယ်လို့တော့ စဉ်းစားထားပါတယ်။ ဒါကို သူ့အဖေလည်း အကြံပြုသလို ကိုယ်ကလည်း ကိုယ့်ကလေးကျန်းမာဖို့အတွက်ဆို တိုက်ကျွေး ချင်တယ်ပေါ့နော်” လို့ပြောပြပါတယ်။

သားလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်း လာဖို့အတွက် အဓိကထားပြီး ကျွေးမွေးစောင့်ရှောက်သွားမှာဖြစ်ပြီး အခု လည်း သားလေးက ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ သားလေး ရဲ့နာမည်ကိုတော့ ဗေဒင်နက္ခတ်တွေနဲ့ သေချာတွက်ချက်ပြီးပေးသွားမှာမို့ နာမည်ပေးဖို့တော့ အချိန်ကြာဦးမယ်လို့ သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။ သားလေးအတွက် မျှော်လင့်ချက်ကြီးကြီးမားမားတွေ မထားရှိပေမယ့် သားလေးအသက်ကြီးလာရင်တော့ ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီ လုပ်ကိုင်စေချင်ကြောင်း သဉ္ဇာနွယ်ဝင်းက ပြောခဲ့ပါတယ်။

“သားလေးအပေါ် မျှော်လင့်ချက်ကြီးကတော့ မထားထားဘူး။သူကြီးပြင်းလာတဲ့အခါမှာ သူ့အဖေရဲ့ လုပ်ငန်းတွေကို ကူညီစေချင်တယ်။ဘာလို့လဲဆိုတော့ သူကသားအကြီးဖြစ်တဲ့အတွက် ဆိုတော့လေ။ သူ့အဖေကို အကူအညီပေးတဲ့ သူတစ်ယောက်ဖြစ်စေချင်တယ်။ ပြီးတော့ လိမ္မာရေးခြားရှိတဲ့ ယောကျာ်းတစ်ယောက်ဖြစ်စေချင်တယ်။ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ယောက်ျား တစ်ယောက်ဖြစ်စေချင်တယ်။ တခြားတော့ မျှော်လင့်ချက်ကြီးကြီးမထားပါဘူး။ သူလုပ်နိုင်သလောက်ပေါ့နော်။ တကယ်လို့များ သူအနုပညာကို ဝါသနာပါလို့ ရှိရင်တော့ ပေးလုပ်မှာပါ။ ဒါပေမဲ့ စီးပွားရေးဘက်ကိုတော့ မဖြစ်မနေလုပ်ခိုင်း မှာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီစီးပွားရေးက ယောက်ျားတစ်ယောက်အနေ နဲ့ လုပ်ကိုလုပ်သင့်တဲ့အလုပ်ပေါ့နော်” လို့ သဉ္ဇာနွယ်ဝင်းက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071