Tuesday, March 18, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeCelebrities' Newsသားလေးရဲ့ ရက်တစ်ရာပြည့် မွေးနေ့နဲ့...

သားလေးရဲ့ ရက်တစ်ရာပြည့် မွေးနေ့နဲ့ အကြောင်းတိုက်ဆိုင်ပြီး မဟာသွံသာရ ရုပ်ရှင်တော်မြတ်ကြီးကို ပင့်ဆောင်ပူဇော်ခဲ့တဲ့ R ဇာနည်တို့မိသားစု

အဆိုတော် R ဇာနည်နဲ့ ဝမ်းတို့ မိသားစုက သားငယ်လေး ချစ်ချစ် တုန်ရဲ့ ရက်တစ်ရာပြည့်မွေးနေ့နဲ့ အ ကြောင်း တိုက်ဆိုင်ပြီး ဧပြီလ ၂၁ ရက်နေ့က မဟာသွံသာရရုပ်ရှင် တော်မြတ်ကြီးကို နေ့အိမ်မှာ ပင့် ဆောင်ပူဇော်ခဲ့ပါတယ်။ နေအိမ် မှာ ဘုရားပင့်ဆောင်ပြီး အလှူအတန်း တွေ လုပ်ဖြစ်တဲ့အကြောင်းကိုလည်း Rဇာနည်ရဲ့ ဇနီးဖြစ်သူဝမ်းက …

“သားငယ်ချစ်ချစ်တုန် မွေးနေ့ က ဧပြီ ၂ဝ ရက်တုန်းက ရက် ၁ဝဝ ပြည့်တယ်။ နောက်နေ့ ၂၁ ရက်နေ့ ရောက်တော့ အစ်မတို့ အိမ်မှာ မဟာသွံသာရဘုရားပင့်ဖြစ်ခဲ့တာပါ။ပုံမှန်ဆိုရင် ဦးတူးတူးတို့က ဒီရက်မှာ သူတို့အိမ်မှာ ဘုရားပင့်နေကျပါပဲ။ ဒါပေမဲ့ ဒီနှစ်တော့ သူတို့မိသားစုက ခရီးသွားစရာရှိတာကြောင့် အစ်မတို့ အိမ်ကိုပင့်ဖြစ်ခဲ့တယ်။ ရက်ကို ပြန် တွက်ကြည့်ပြန်တော့လည်း သားငယ် လေးရက် ၁ဝဝ ပြည့်မွေးနေ့နဲ့ တိုက် တိုက်ဆိုင်ဆိုင်လေးဖြစ်နေတာပါ။ အစ်မတို့ ရက်နဲ့တွက်ရင်တော့ ၂၁ ရက်နေ့ နေ့လယ်ပင့်လာပြီး ၂၂ ရက် နေ့ နေ့လယ်မှာတော့ ပြန်ကြွသွားပါ တယ်။ ဘုရားပင့်ပြီးတော့ အစ်မတို့ မိသားစုလည်း ဝတ္ထုငွေလှူတယ်။ နောက်ပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖိတ်ပြီးတော့ သူတို့လည်း ဘုရားလာ ဖူးလို့ရတာပေါ့” လို့ ပြောပြပါတယ်။

R ဇာနည်တို့ မိသားစုကတော့ ဘာသာရေးကို ကိုင်းရှိုင်းသလို အလှူ အတန်းတွေလည်း အမြဲတမ်းပြုလုပ် ဖြစ်ကြတဲ့မိသားစုပါ။ သားသမီးကို လည်း ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး မိခင်တစ်ဦးအနေနဲ့သင်ကြားပေးဖြစ်တယ်ဆိုတဲ့ ဝမ်းရဲ့စကားသံက …

“ဘာသာရေးနဲ့ပတ်သက်လို့ က အစ်မတို့ မိသားစုကတော့ အစ်မတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို တကယ်ပဲ အကြွင်းမဲ့ ယုံကြည်သက်ဝင်တယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကိုလည်း အမြဲတမ်းနာယူတယ်။ ကိုယ်ကိုယ် တိုင်ကလည်း ဗုဒ္ဓဘာသာဖြစ်ရ တာကို တကယ်ပဲဂုဏ်ယူဝမ်းသာရပါ တယ်။ အရင်ကလည်း အစ်မတို့ မိသားစုက မဟာသမယဘုရား တစ် ကြိမ်၊ ဘုရင်မကြီး ရှင်စောပုဘုရား ကိုလည်း တစ်ကြိမ်ပင့်ဖူးတယ်။ ဒါ ကြောင့် ဒီတစ်ခေါက်က တတိယ အကြိမ်ပါ။ သားကြီး ဖစ်ဖစ်တုန်ကို လည်း အချိန်ရရင်ရသလို ဘာသာ တရားကိုင်းရှိုင်းတတ်ဖို့၊ လူကြီးသူမ ကို ရိုသေဖို့ ဆုံးမဖြစ်တယ်။ ဘုရားစာ ကိုလည်း သင်ပေးဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071