Saturday, April 11, 2026

ဖနောင်းပင်စီးပွားရေး 4.5 ရာခိုင်နှုန်း တိုးတက်ရန်...

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ကုန်စည်ဈေးကွက် အနှောင့်အယှက်များသည် ကာလ မရှည်ကြာပါက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း...

ဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

တရားဥပဒေစိုးမိုးမှုအားကောင်းစေရေးအတွက် ဥပဒေပညာအရေးကြီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ  ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန် ကြီးများနှင့်တွေ့ဆုံစဥ်...

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...

ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်...

မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထားကြ၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေရမည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...
HomeCelebrities' Newsသားလေးကို ကိုယ်တွေလို ဇာတ်ပို့မဟုတ်ဘဲ...

သားလေးကို ကိုယ်တွေလို ဇာတ်ပို့မဟုတ်ဘဲ မင်းသား ဖြစ်စေချင်တဲ့ ကိုဘင်း နဲ့ နှိုင်းယှဉ်မြင့်မိုရ်

သရုပ်ဆောင် ကိုဘင်းနဲ့ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံ ကတော့ ချစ်စရာသားလေးတစ်ယောက်နဲ့ ပျော်ရွှင်စရာ မိသားစုတစ် ခုကိုလည်းပိုင်ဆိုင်ထားကြပြီဖြစ်ပါတယ်။ သားလေးကတော့ လက်ရှိမှာ မူကြိုစတက်နေပြီး သားလေးအတွက်ကြိုတင်စီစဉ် ထားတာတွေလည်းရှိကြောင်း သိရပါတယ်။ နောက်ထပ်ကလေးယူဖို့စိတ်ကူးမရှိတော့ဘဲရှိတဲ့ တစ်ယောက်ကိုသာ တတ်နိုင် သလောက် အကောင်းဆုံး ပြုစုစောင့်ရှောက်သွားမယ် လို့ပြောလာ တဲ့သရုပ်ဆောင် နှိုင်းယှဉ်မြင့်ရ်က…

“နောက်ထပ်ကလေးယူဖို့ တော့ စိတ်ကူးမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်မတို့က အလုပ်လုပ်နေတာဆိုတော့လေ။ အစ်မ တို့လုပ်တဲ့အလုပ်က အပြင်မှာ သူများတွေလိုရုံးအလုပ်တွေလုပ်ရတာ တွေ မဟုတ်ဘူး။ အလှအပနဲ့ စိတ်ထဲမှာထည့်ပြီးလုပ်နေရတဲ့ အလုပ်ဖြစ်တဲ့အတွက် နောက်ထပ်ကလေးယူဖို့အဆင်မပြေဘူး။ ခုခေတ်မှာကလေး တစ်ယောက် မွေးရတဲ့ စရိတ်ကအလွယ်ဘူး။ အစ်မတို့ရတဲ့ အနုပညာဈေးကွက်အရ အလုပ် အကိုင်တွေက အခြေအနေကောင်းလာရင်တော့တစ်မျိုးပေါ့နော်။ မကောင်း လာတဲ့ အခါကျရင်ကလေးတွေကို သက်သက်ဒုက္ခခေါ်ပေးသလိုဖြစ်နေမယ်။ ခေတ်ကြီးက တိုးတက်လာပြီး ကလေးတွေကလည်းသူများတွေ နေသလိုနေ ချင်လာမယ်။ သူများတွေစားသလိုစားချင်လာမယ်။ အဲ့ဒီခါကျရင် ကိုယ်ကမဖြည့်ဆည်းပေးနိုင်ရင် ကိုယ်လည်း စိတ်ဆင်းရဲမယ်။ ကလေးတွေလည်း စိတ်ဆင်းရဲရမယ်။ အဲ့ဒါကြောင့်နောက်ထပ်မယူတော့ပဲ ဒီတစ်ယောက် တည်းကိုဘဲအကောင်းဆုံး ဖြစ်အောင်ပြု စုစောင့်ရှောက် ပါမယ်” လို့ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်နှိုင်းယှဉ်မြင့်ရ်ကတော့ သူမရဲ့သား လေးကိုကျောင်းထိုင် ဆရာတော်တစ်ပါးဖြစ်စေချင် တဲ့ ဆန္ဒရှိပြီးကိုဘင်းကိုယ်တိုင်ကလည်းသူ့ သားကို ဖြစ်စေချင်တဲ့ဆန္ဓကို ခုလိုပြောပြခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ကတော့ ကိုယ်အနုပညာသမား ဖြစ်တဲ့အတွက် အနုပညာသမားပဲဖြစ်စေချင်ပါ တယ်။ ဒါပေမဲ့ကျွန်တော့်တို့လို ဇာတ်ပို့တော့ မဟုတ်ဘူးမင်းသားဖြစ်စေချင်ပါတယ်။ အဲ့ဒါမှလည်း အများကြီး လုပ်ရမယ်ကိုင်ရမယ်။ အခွင့်အရေး တွေရှိတာပေါ့။ ကျွန်တော်တို့လိုဇာတ်ပို့တွေနဲ့စာရင် တော့အများကြီးသာတာပေါ့။ ဒါမှမဟုတ် အနုပညာ အလုပ်မလုပ်ရင်လည်း အပြင်မှာ ကိုယ်ဝါသနာပါ တာတွေလုပ် စေချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

                                                                                 သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071