Tuesday, June 16, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeCelebrities' Newsသားဦးလေးကို သဘာဝအတိုင်း မွေးဖွားမှာ...

သားဦးလေးကို သဘာဝအတိုင်း မွေးဖွားမှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေသူ သဉ္ဇာနွယ်ဝင်း

ကိုယ်ဝန် ၈လကျော်ရှိနေပြီဖြစ် တဲ့ သဉ္ဇာနွယ်ဝင်းက သားဦးလေးကို သဘာဝအတိုင်း မွေးဖွားမှာ ဖြစ် တာကြောင့် အခုစိတ်တွေ တအား လှုပ်ရှားနေပြီလို့ ဆိုပါတယ်။ ကလေးအတွက်လည်း အသုံးအဆောင်ပစ္စည်းတွေ ကြိုစုဆောင်းနေ ပြီး သားဦး လေးအတွက်ဘုရားမှာ အမြဲ ဆုတောင်းနေတယ်လို့ သဉ္ဇာနွယ် ဝင်းကပြောပြပါတယ်။ အခုကိုယ်ဝန် က ၃၅ပတ်ထဲမှာ ရှိနေ ပြီဖြစ်ပြီး ၁၁လပိုင်း ၁၉၊ ၂ဝလောက်တော့ ဝိတိုရိယဆေးရုံမှာ မွေးဖွားမယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်းက………………..

” ကလေး အသုံးအဆောင်ပစ္စည်းတွေတော့ အခုကတည်းက စဝယ်ပြီး လိုတာလေးတွေ ကြိုတင်ပြင်ဆင်နေ ပါတယ်။ ညီမကသဘာဝအတိုင်း မွေးမှာဆိုတော့ စိတ်လည်း လှုပ်ရှားတယ်။ နောက်ပြီး ကလေးကိုလည်း အခု တအားတွေ့ချင် တယ်။ နောက်ပြီး နာမှာလည်း ကြောက်မိတယ်။ ပထမဆုံးကိုယ်ဝန်စရှိပြီ ဆိုတာကို သိကတည်းက မိန်းကလေး လိုချင်ခဲ့တာပါ။ ဒါပေမဲ့ကိုယ်ဝန်ကို စစ်ကြည့်လိုက်တော့ ယောင်္ကျား လေးဆိုတော့လည်း ကိုယ်ယောင်္ကျားအတွက် အဖော်ရတာ ပေါ့။ ကိုယ့်ရင်သွေးဆိုတော့ ဘာလေးပဲဖြစ်ဖြစ် ပျော်ပါတယ်။ သားလေးဆိုတာသိတော့ ညီမဘုရားမှာ ဆုတောင်းတယ်။ အမျိုး သားရဲ့စိတ်ကို ကြိုက်တယ်။ သူ ကတာဝန်ယူတဲ့ စိတ်အပြည့်ရှိတယ်။ မိသားစုအပေါ်မှာ သားကောင်းတစ် ယောက် ပီသတယ်။ အစ်ကိုကောင်း တစ်ယောက်လည်း ဖြစ် တဲ့အတွက် မွေးတဲ့ ကလေးကိုလည်း ဒီလိုပဲ ဖြစ်စေချင်ပါတယ်။ ညီမ ယောကျာင်္းက မိသားစုမှာ သားကြီး၊ ညီမရဲ့ကလေးကလည်းသားကြီးဖြစ်လာမှာ ဆို တော့ သူ့အဖေနဲ့ တူစေချင်တာပါ။ ဒါကြောင့်လည်း ညီမ ဘုရားမှာအမြဲဆုတောင်းပါတယ်”လို့ သဉ္ဇာနွယ်ဝင်းက ပြောပြပါတယ်။

မိဘကျေးဇူးကို ကိုယ်ဝန်လွယ်ထားတဲ့ အခုလိုအချိန်မျိုးမှာ ပိုပြီးသိလာ၊ အမေကို ကိုယ်ချင်းစာလာမိတယ် လို့ ပြောပြတဲ့သဉ္ဇာနွယ်ဝင်းရဲ့ ကလေးအပေါ် မျှော်လင့်ချက် က…

“ကိုယ်ဝန်စရှိမှပဲ မိဘကျေးဇူး ကို သိတတ်လာတယ်။ အဓိက ပြောရမယ်ဆိုရင် အမေကိုယ်ဝန် လွယ်တဲ့ အချိန်မှာ ဘယ်လိုတွေ ဆင်ခြင်ခဲ့ရလဲ။ အစား အသောက် အနေအထိုင် က အစ အစစအရာရာ ပြောင်းလဲရ တယ်လေ။ ဒါတွေကို စဉ်းစားမိတော့ မိခင်ရဲ့ကျေးဇူးကိုပိုသိလာရတယ်။ အမေ တစ် ယောက်ရဲ့ ခံစားချက်ကို လည်း ပိုပြီးတော့မှ နားလည်လာပါတယ်။ ညီမအခု ကလေးအပေါ်မှာ လည်း ကျန်းကျန်းမာမာနဲ့ မွေးဖွားဖို့ပဲမျှော်လင့်ပါ တယ်။ ကလေးကြီးပြင်းလာရင်လည်း လိမ္မာယဉ်ကျေးတဲ့ သူတစ်ယောက်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် တည်နိုင်သူတစ်ယောက်၊ ယောင်္ကျားကောင်းပီသသူ တစ်ယောက်ပဲ ဖြစ်စေချင်ပါတယ်။ တခြားတော့မျှော် လင့်မထားပါဘူး”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071