Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeCelebrities' Newsသားအဖသုံးယောက် ခွေထုတ်ဖို့အတွက် ပြင်ဆင်နေတဲ့...

သားအဖသုံးယောက် ခွေထုတ်ဖို့အတွက် ပြင်ဆင်နေတဲ့ အိမ့်ချစ်

အဆိုတော် အိမ့်ချစ်ကတော့ နယ်ပွဲတွေ၊ ရန်ကုန်ပွဲတွေ တောက်လျှောက်ဆိုဖြစ်နေပြီး သူမရဲ့ တစ်ကိုယ်တော်ခွေ ထွက်နိုင်ဖို့ အတွက်လည်း စီစဉ်နေတယ်လို့ ပြောပါတယ်။ သားအဖသုံးယောက်ပေါင်းပြီး လုပ်မယ့်သီချင်းတွေ အတွက် စဉ်းစားနေပြီး အခုအချိန်မှာတော့ ခေါင်းစဉ်ပဲ စဉ်းစားလို့ရသေးတယ် လို့ အိမ့်ချစ်က ”အဖေရယ်၊ အိမ့်ချစ်ရယ်၊ မောင်လေးရယ် သားအဖသုံးယောက် မိုးတွင်းမှာ ခွေထွက်ဖို့ လုပ်မယ်။ ဒါပေမယ့် အခုထိတော့ ဘာမှမပြင် ဆင်ရ သေးဘူး။ ခေါင်းစဉ်ကို ‘ခေတ် သုံးခေတ်ရဲ့ ချစ်သုံးချစ်’ ပေးမယ်လို့ စဉ်းစား ထားတယ်။ ဒါပေမယ့် အခု ထိတော့ ဘာမှမလုပ်ရသေးပါဘူး။” လို့ ပြော ပါတယ်။

သီချင်းတွေ ဆိုပြီး ပိုက်ဆံတွေ ရှာနေတဲ့ အိမ့်ချစ်တစ်ယောက်အတွက် ကိုယ်ရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေ အကောင်အထည်တွေ အောင်မြင် နေပြီလားလို့ မေးကြည့်တဲ့အခါမှာတော့ အိမ့်ချစ်က ”အိမ့် ချစ်အခုထိတော့ ရှာနေတုန်းပဲ။ (ရယ်လျက်)။ မိသားစုကိုလည်း အိမ့် ချစ်မျက်နှာ မငယ်အောင် ထားနိုင်ပြီ။ အိမ့်ချစ်ကလေ တခြားပစ္စည်းတွေ ဝယ်ဖို့ထက် ကားတွေ၊ အိမ်တွေ ဝယ်ဖို့က အိမ့်ချစ်ဘဝမှာ ပိုအရေးပါ တယ်။ အဲဒါမျိုးတွေ မပိုင်ဆိုင်သေးတဲ့ အခါကျတော့ အိမ်အရင်ဆုံးဝယ် တယ်။ ကားဝယ်တယ်။ အဲဒီအပေါ်မှာ တစ်ခါတစ်လေကျရင် အမေကို ပူဆာတာပေါ့နော်။ အမေသမီးက ပိုက်ဆံတွေ အများကြီးအပင်ပန်းခံပြီး ရှာနေတာ။ သမီးမှာက အဲဒီလိုမျိုးလေး ဖိနပ်လေး မရှိဘူး။ ဝယ်ပေးပါ ဦးဆိုပြီး တစ်ခါတလေကျရင် ချွဲတာပေါ့နော်။ အဲဒီလိုမျိုး လေး ပစ္စည်းတွေ ဝယ်ဖို့လေးတွေ လုပ်တယ်။ ဘာပဲပြောပြော မျှော်လင့်ချက်တွေ ကတော့ လူတိုင်းလူတိုင်းမှာရှိတာပဲလေ။ အဲ ဒါတွေကို အိမ့်ချစ်တစ်ယောက်ထဲနဲ့ ကြည့်ရင် အိမ့်ချစ်ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဖို့ အခုထိ ကြိုးစားတုန်းပါပဲ။့ကိုယ်ချစ်တဲ့အနုပညာနဲ့ အကောင်းဆုံး ဖျော်ဖြေပြီး ကိုယ့်ရဲ့မျှော်လင့်ချက်တွေ အတွက်လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ အိမ့်ချစ်က ပြောပါတယ်။

အဆိုတော် အိမ့်ချစ်ကတော့ လာမယ့်မိုးတွင်းထဲမှာ သူ့ရဲ့ တစ်ကိုယ်တော် ခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပုံစံတွေ မျိုးစုံနဲ့ တွေ့ရ မယ့် အိမ့်ချစ်ရဲ့ တစ်ကိုယ် တော်ခွေထွက်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

သဲစုလှိုင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071