Sunday, April 19, 2026

AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းကျင်းပသည့် Shopping in...

နန်နင်းမြို့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီးပွားရေးရာဦးစီးဌာနမှဦးစီး၍ AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းထားသော Shopping in China 2026 Guangxi “33 Consumption Festival"ဖွင့်ပွဲကို...

ACK အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး...

ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ်(ACK)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးထံမှ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးမှ ဧပြီ ၁၆ ရက်ကလွှဲပြောင်းရယူရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးချမ်းအေးတက်ရောက်ခဲ့သည်။ အလှည့်ကျဥက္ကဌအသစ် ဘရူနိုင်းနိုင်ငံသံအမတ်ကြီး ...

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင်...

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ...
HomeCelebrities' Newsသားနဲ့သမီးကို ကျောင်းပြီးမှ အနုပညာအလုပ်တွေ...

သားနဲ့သမီးကို ကျောင်းပြီးမှ အနုပညာအလုပ်တွေ လုပ်ခွင့်ပြုမယ့် ခင်ဇာခြည်ကျော်

သရုပ်ဆောင် ခင်ဇာခြည်ကျော် ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလက အသက် ၁၅နှစ်အရွယ်ရှိပြီဖြစ်ပြီး သမီးဖြစ်သူ ထင်သစ္စာကတော့ အသက် ၁၃နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။ သား ဖြစ်သူက သရုပ်ဆောင်ရတာကို ဝါသနာပါပြီး မဂ္ဂဇင်း၊ ဂျာနယ်တွေ အတွက် ဓာတ်ပုံတွေ ရိုက်ကူးပေး နေတာလည်း တွေ့ရပါတယ်။ သမီး ဖြစ်သူကတော့ သီချင်းဆိုရတာကိုပဲ ဝါသနာပါပြီး သရုပ်ဆောင်ရတာ ဝါသနာ မပါကြောင်းပြောပြပါတယ်။ သားသမီးတွေကိုကျောင်းပညာရေး ပြီးဆုံးသွားမှ အနုပညာအလုပ်တွေ ကို လုပ်ခွင့်ပြုမယ်လို့ဆိုတဲ့ ခင်ဇာ ခြည်ကျော်က”သားကတော့ ဝါသနာပါတယ်။ ဒါပေမဲ့လည်း သူ ကျောင်းသွားတက်ပြီး ဘွဲ့ရမှပဲလုပ် ဖြစ်မယ်ထင်ပါတယ်။

ဒီနှစ် ၁ဝတန်း ဆိုတော့ ၁ဝတန်းကအရေးကြီးတယ်။ သူ့ရဲ့အင်တာဗျူးဖေ့စ်ဘုတ်မှာတက်လာတော့သားသားကို ခေါင်းဆောင် မင်းသားအနေနဲ့ လာငှားပါတယ်။ တူရိယာဇာတ်ကားပေါ့။ အဝတ် အစားကအစ Piano သင်တာက အစ သူတို့အကုန် တာဝန်ယူတယ် ဆိုပြီးသားသားကိုလာငှားပါတယ်။ သားသားကို အခုလို လာကမ်းလှမ်းတဲ့ အတွက်လည်း အစ်မအနေနဲ့ ပီတိ ဖြစ်ရပါတယ်။ ကလေးကလည်း ရိုက် ချင်ပါတယ်။ ဒါပေမဲ့ ရိုက်ကူးရက်က ကြာတယ်။ ကြာတဲ့အတွက် ကလေး က ဒီထဲမှာ စိတ်ကပါသွားတဲ့အခါ စာဘက်မှာ အားနည်းသွားမှာစိုးတဲ့ အတွက် မရိုက်ဘဲနဲ့ ထားတာပါ။ သူ လည်း ဝါသနာပါ တဲ့နောက်ပိုင်းကျ ရင်တော့ တစ်မျိုးစဉ်းစားပါ့မယ်။ သမီးလေးကတော့ အဆိုလိုင်းပါ။ သီချင်းဆိုရတာ ဝါသနာ တအားပါ တယ်။ သူကမင်းသမီး လုံးဝမလုပ်ချင် ဘူးတဲ့။ သမီးလည်း ငယ်သေးတယ်။ ပညာရေးကတော့ အဓိကပေါ့။ နောက်ပိုင်းကျရင်တော့ သီချင်းဆို မယ်ဆိုရင်လည်းဆိုပေါ့” လို့ သား သမီးတွေရဲ့ ဝါသနာကို ပံ့ပိုးပေး သွားမှာဖြစ်ကြောင်း ခင်ဇာခြည် ကျော်ကပြောပါတယ်။

သားနဲ့သမီး စိတ်အားငယ် အောင်၊ သိက္ခာကျအောင် မလုပ်ဘဲ အမေပီသအောင်နေထိုင်ပြီး သား သမီးတွေကို ထိန်းသိမ်းစောင့်ရှောက် ဖြစ်ကြောင်းကိုတော့ ခင်ဇာခြည် ကျော်က “သူများတွေက သားသမီးကို ချစ်တယ်ဆိုပြီး မရိုက်ဘူးတို့ ရှိတယ်။ အစ်မအနေနဲ့ကတော့ အမြဲတမ်းရိုက် တာတော့မဟုတ်ဘူး။ ရိုက်စရာရှိရင် အခန်းပိတ်ပြီး ရိုက်လိုက်တယ်။ အဲဒီ တစ်ခုကို မှတ်သွားအောင်လို့ ငယ် ငယ်တုန်းကပေါ့။ အခုအသက်အရွယ် ကြီးလာတဲ့အခါကျတော့အစ်မ အဲဒီ လိုမောင်းခဲ့တာတွေက ကိုယ့်အတွက် အကျိုးရှိလာတာပေါ့။ ကိုယ့်သားနဲ့ ရွယ်တူကလေးတွေနဲ့ ယှဉ်ရင် ကိုယ့် သားရဲ့ အပြုအမူတွေ၊  ကိုယ့်သား ရဲ့အပြောအဆိုတွေ၊ ကိုယ့်သားရဲ့ အယူအဆတွေ အကုန်လုံးက ကျန် တဲ့ ကလေးတွေ ထက်သာနေတာ တော့အမှန်ပဲ။ ဒါလိမ္မာတယ်လို့ ခေါ်ရမှာပေါ့” လို့ ပြောပါတယ်။ ချစ် သူလည်း ရှိနေတဲ့ခင်ဇာခြည်ကျော်က ဘယ် ကိစ္စကိုမဆို ပရိသတ်ကို ညာ မှာမဟုတ်ဘဲ မင်္ဂလာပွဲနီးလာရင် အားလုံးကို အသိပေးသွားမှာပါလို့ ဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071