Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeCelebrities' Newsသားငယ်လေး ချစ်ချစ်တုန်ရဲ့ သုံးလပြည့်မွေးနေ့မှာ...

သားငယ်လေး ချစ်ချစ်တုန်ရဲ့ သုံးလပြည့်မွေးနေ့မှာ ကားနှစ်စီးလှူဒါန်းခဲ့တဲ့ Rဇာနည်နဲ့ ဝမ်းတို့ မိသားစု

အဆိုတော် R ဇာနည်နဲ့ ဝမ်းတို့ မိသားစုက နာရေးကူညီမှုအသင်း (ရန်ကုန်)နဲ့ မန္တလေးက သာသနာ့ပါ လ ပရဟိတလူမှုကူညီရေးအသင်းတို့ မှာအသုံးပြုဖို့အတွက် ကားနှစ်စီးကိုလှူဒါန်းလိုက် ပါတယ်။ ကားပေးအပ်လှူဒါန်းမှုကိုတော့ ဧပြီလ ၁ဝ ရက် နေ့က ပြုလုပ်ခဲ့ပြီး Rဇာနည်ထွက်ရှိခဲ့တဲ့ ကမ္ဘာသားတေးစီးရီးရောင်းရ ငွေများထဲက လှူဒါန်းခဲ့တယ်လို့ ဆို ပါတယ်။ အခုတစ်ခါလှူဒါန်းမှုက တော့ ကားနှစ်စီးစာ တန်ဖိုးငွေအား ဖြင့် သိန်းတစ်ရာ့သုံးဆယ်ကျော်ဖိုး လှူဒါန်းခဲ့တဲ့အကြောင်းကို R ဇာနည်ရဲ့ ဇနီးဖြစ်သူ ဝမ်းက အခုလို ပြောပြပါတယ်။

“အစ်မတို့က တစ်စီး၊ မိတ်ဆွေတွေက နှစ်စီးဆိုတော့ အားလုံးဦးကျော်သူတို့ဆီမှာ ကားသုံးစီး လှူဖြစ်တယ်။ နောက်ပြီး မန္တလေးက သာသနာ့ပါလ ပရဟိတလူမှုကူညီရေးအ သင်းကို အစ်မတို့ မိသားစုပဲတစ်စီးလှူတာပါ။ လှူဖြစ်တာလေးကတော့ ကိုဇာနည်က ကမ္ဘာသားစီးရီးလေး ထွက်ထား တယ်။ အဲဒီစီးရီးရောင်းရ ငွေထဲက လှူတဲ့ခုနစ်ရက်သားသမီးအတွက် လှူဒါန်းမှုတစ်ခုပါပဲ။ အရင် က ကမ္ဘာသားမထွက်ခင်ကလည်း အခွေထွက်လို့ ရောင်းရင်ရတဲ့ အမြတ်ငွေတွေကို လိုအပ်တဲ့နေ ရာတွေမှာလှူဒါန်းသွားမယ်လို့ကြေညာထားပြီးသားပါ။ အရင်ကလည်း ဧရာဝတီတိုင်း ဘက်မှာရေတွင်းတွေတူးပေးတယ်။ မြေပြိုလို့ပျက်စီးသွားတဲ့အိမ်တွေကိုပြန်ဆောက်ပေးတယ်။ နောက်ပြီး သီလရှင်ကျောင်းလည်းဆောက်ပေးတယ်။ ဒီလိုပဲတဖြည်း ဖြည်းနဲ့ လှူဒါန်းမှုတွေ လုပ် တယ်။ ဒါကြောင့် အစ်မတို့ထပ်စဉ်းစားတာက မတူတဲ့ ပုံစံလေးနှစ်မျိုး သုံးမျိုး လည်းလုပ်ပြီးပြီ။ ဒီတစ်ခါမှာလည်း အများနဲ့ သက်ဆိုင်တယ်။ အစ်မတို့ လူသားတွေအားလုံးလည်း အချိန်တန်ရင် ဒီလမ်းကိုပဲသွားကြရမှာပဲ။ ဒါကြောင့်လည်း နာရေးကူညီမှုအ သင်းအတွက် ကားလှူဖြစ်ခဲ့တယ်။ ကားနှစ်စီးစာအတွက်ကတော့ တန်ဖိုးငွေအားဖြင့် သိန်းတစ်ရာ့သုံးဆယ်ဝန်းကျင်ပါ”လို့ ပြောပြပါ တယ်။

အလှူရက်ကိုလည်း သားငယ်လေး ချစ်ချစ်တုန်ရဲ့ သုံးလပြည့် မွေးနေ့လေးဖြစ်တဲ့ ဧပြီလ ၁ဝ ရက် နေ့မှာပြုလုပ်ခဲ့ပြီး အလှူအပေါ် ဝမ်းတို့ မိသားစုရဲ့ ပီတိစကားသံက …
“ကားနှစ်စီး လှူဒါန်းတာကို တော့ သားငယ်လေး ချစ်ချစ်တုန် သုံးလပြည့် အမှတ်တရအလှူ လေး ဖြစ်စေဖို့ ဧပြီလ ၁ဝ ရက်နေ့က လှူဒါန်းခဲ့တာပါ။ အစ်မတို့က ကားကိုတော့အစကတည်းက ကြိုပြီးမှာထားတာပါ။ သားငယ်လေး ကိုယ်ဝန်စရှိကတည်းက ကားတွေကို မှာထားလိုက်တယ်။ ကားတွေက ရန်ကုန်ရောက်လာတော့လည်း နည်းနည်းအချိန်ပေးရပြန်ရော။ ကားတွေကို လက်တင် လေးအသုံးပြုနိုင်အောင် အားလုံးကို ပြန်ပြုပြင်ပြီး ဘီးတွေက အစအကုန် ပြန်လဲပြီးမှ လှူတာ ပါ။ အလှူပေးအပ်ပွဲကိုလုပ်ဖို့ကျတော့လည်း အစ်မတို့ရက်တွေ ရွေးကြတော့ ဧပြီလ ၁ဝ ရက်နေ့က သားငယ်လေးလည်း သုံးလပြည့်တဲ့နေ့လေးလည်းဖြစ်တယ်။ ဒါကြောင့် အမှတ်တရအလှူလေးလည်း ဖြစ်အောင် ဒီနေ့လေးကို ရွေးပြီးလှူဖြစ် ခဲ့တာပါ။ လှူရတန်း ရတာကိုတော့ အစ်မတို့ စိတ်ထဲမှာ တကယ်ကိုပဲ ပီတိဖြစ်ပါတယ်။ လိုအပ်နေတဲ့ နေ ရာတွေမှာ အများအတွက် အသုံးတည့်မယ့်အရာတွေကို လှူဒါန်းရတာ လည်း တကယ်ကို ပျော်ပါတယ်။ နောင်လည်း အမြဲတမ်းအစ်မတို့မိသားစုကတော့ အလှူအတန်းတွေ ဆက်လုပ်သွားမှာပါ”လို့ ဝမ်းကဆက်လက်ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)၊ မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071