Thursday, June 25, 2026

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ...

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...
HomeCelebrities' Newsသရဲကားရိုက်ကူးရင်း သရဲကြောက်နေတဲ့ အလှမယ်...

သရဲကားရိုက်ကူးရင်း သရဲကြောက်နေတဲ့ အလှမယ် မေနန္ဒာကျော်

အလှမယ် မေနန္ဒာကျော်က ဒါရိုက်တာ လေပြေရိုက်ကူးတဲ The ghost detector ဆိုတဲ့ ဖန်စီသရဲဇာတ်ကားမှာ သရုပ်ဆောင်သစ်များစွာတို့နဲ့ ပါဝင် ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားက သူ့ရဲ့ဒုတိယမြောက် ပါဝင်သရုပ်ဆောင် ရိုက်ကူးရတဲ့ဇာတ်ကားဖြစ်ပြီး သရဲကားရိုက်ကူးစဉ်က တွေ့ကြုံခဲ့တဲ့ အဖြစ် အပျက်များကို အလှမယ်မေနန္ဒာကျော်က…

“ညီမက သတ္တိကောင်းတဲ့သူ ပေါ့နော်။ သရဲဖမ်းမယ်ဆိုလည်း ကိုယ်ကပဲ ရှေ့ကသွားတယ်။ ဒီဇာတ်ကားက တက်သစ်စလူငယ်တွေနဲ့ရိုက်တာဖြစ်တဲ့ အတွက် ပျော်လည်းပျော်ဖို့ကောင်းတယ်။ သရုပ်ဆောင်တာ မပီပြင်ဘူး ဆိုရင်လည်း ပျော်ပျော်ပါးပါးပဲ ပြန်ရိုက်ကြတယ်ပေါ့နော်။ နာမည်ကြီး သရုပ် ဆောင်တွေပါရင် နည်းနည်းရှိန်တာတို့ ကြောက်တာတို့ ဖြစ်တယ်ပေါ့နော်။အခုကတော့ လူငယ်တွေကြီးပဲဆိုတော့ ရှိန်တာတွေကြောက်တာတွေမရှိဘဲ ပျော်ပျော်ပါးပါးလေး ရိုက်ကူးရတယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ခင်သွားကြတယ်။ ရင်းနှီးသွားကြတယ်။ ဒီဇာတ်ကားကို ညီမတို့က နေ့လယ် ကနေ မနက် ၆ နာရီအထိရိုက်ကူးရတဲ့ရက်တွေရှိတယ်။ နောက်ဆုံးနေ့မှာတော့ ညီမတို့ပြန်သွားတော့ ဒါရိုက်တာတို့အခြောက်ခံရတယ်လို့ပြောတယ်။ သရဲ လုပ်တဲ့အစ်မကြီးကလည်း သူ့ကိုနောက်ကနေ လှမ်းပုတ်လို့တဲ့၊ သစ်ပင်အောက် မှာတဲ့။ သမီးတို့ကျတော့ နည်းနည်းစောစော ပြန်သွားတော့ အခြောက်မခံရ ဘူး။ မြဝတီမှတ်တမ်းရုံးမှာ သွားရိုက်တာ။ ဒီဘက်ရုံးထဲမှာတော့မဟုတ်ဘူး။ အတွင်းထဲမှာ လူမနေတော့တဲ့ရုံးမှာ။ လုံးဝကြောက်ဖို့ကောင်းတယ်။

ညီမတို့ ရိုက်ကူးတာကလည်း သရဲဖမ်းတဲ့ ဆော့ဝဲလ်နဲ့ရိုက်ကူးတာ၊ mood ပါနေတဲ့ အချိန်တုန်းကတော့ ကြောက်ရကောင်းမှန်းမသိဘူး။ နောက်မှ စိတ်က တစ်ဖြည်းဖြည်းကြောက်လာတယ်။ အခက်အခဲကတော့မရှိပါဘူး။ အားလုံး အဆင်ပြေတယ်။ ယိုးဒယားသရဲဇာတ်ကားတွေလိုမျိုးဟာသလေးတွေလည်း ပါပါတယ်။ ညီမတို့ရဲ့ ကြိုးစားမှုကို အားပေးကြပါဦးနော်”လို့ ပြောပြခဲ့ပါတယ်။အခုလတ်တလောမှာ တော့ မေနန္ဒာကျော်က အလှဓာတ်ပုံ များ၊ မဂ္ဂဇင်းကာဗာများ၊ ကြော်ငြာ များ လက်ခံရိုက်ကူးပေးနေသလို ဇာတ်ကားများအတွက်လည်း ဇာတ် လမ်းကောင်းများ သေချာရွေးချယ် ပြီး စဉ်ဆက်မပြတ် ရိုက်ကူး သွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071