ဒီကနေ့ စက်တင်ဘာလ၁၈ရက်နေ့ ဟာဆိုရင် သရုပ်ဆောင် နန်းဆုရတီစိုးရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့ တစ်ရက်လုံး အလှူအတန်း တွေ လုပ်ပြီး သူမရဲ့ Fanတွေရဲ့ မွေးနေ့မတိုင်ခင် Surpriseလုပ်ပေးလို့ အရမ်းပျော်ခဲ့ရတဲ့ အကြောင်းကိုလည်း သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုပဲ ရေးသားထားပါတယ်။
“မွေးနေ့မတိုင်ခင် မှတ်မှတ်ရရနဲ့ surprise လာလုပ်ပေးကြတဲ့ ချစ်ညီမလေးတွေကြောင့် အရမ်းပျော်ရပါတယ် မရောက်လာနိုင်ပေမယ့် ဝိုင်း စီစဉ်ပေးကြတဲ့ ချစ်ညီမလေးတွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ် Fans တွေနဲ့ မတွေ့ရတာကြာတော့ အရမ်းလွမ်းနေတာ အလွမ်းပြေ တွေ့ရလို့ ပိုဝမ်းသာရပါတယ် ချစ်ပရိတ်သတ်တွေနဲ့ တူတူပျော်ပျော်ရွှင်ရွှင် ကျင်းပရတဲ့ မွေးနေ့တွေကို လွမ်းလိုက်တာ” လို့ရေး သား ထားပါတယ်။