သရုပ်ဆောင် ဇင်ဝိုင်းဟာ ယနေ့၊ ဇွန်လ ၇ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာပြီလို သိရပါတယ်။ “အဖေ လွတ်ပြီ”လို့ သားဖြစ်သူ မင်းမော်ကွန်းက သူ့ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ အတည်ပြု ရေးသားထားပါတယ်။
သရုပ်ဆောင် ဇင်ဝိုင်းအား ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြိုရှိ တက္ကသိုလ်ရိပ်မွန် အိမ်ရာမှာ ထိန်းသိမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်ထိ အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်များ ရှိနေပြီး၊ အနုပညာရှင် ၁၀၀ ကျော်ဟာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခြင်း ခံထားရပါတယ်။