ပရိသတ်တွေရဲ့အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင်ဥက္ကာမင်းမောင်က အခုလက်ရှိ မှာ အမေရိကန်နိုင်ငံမှာ နေထိုင်လျက်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့အဝေးမှာရောက်နေပေမယ့်လည်း သူချစ်တဲ့ ပရိသတ်တွေ၊ အနုပညာရှင်တွေနဲ့ တော့ အဆက်အသွယ်မပြတ်ရှိနေပါတယ်။ စက်တင်ဘာ ၁၈ရက်နေ့က သူ့ရဲ့မွေးနေ့ပါ။ သူ့ရဲ့မွေးနေ့အလှူအဖြစ် ခိုင်နှင်းဝေ ပရဟိတဂေဟာကို အလှူငွေကျပ်၃သိန်း လှူဒါန်းခဲ့ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ပါစေ။ အလှူအတန်းတွေ လဲများစွာပြုလုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။