သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ဂေဟာမှာ မွေးစားထားတဲ့ မွေးရာပါ နှလုံးအပေါက် (၂)ပေါက်ပါတဲ့ ကလေးငယ်ဟာ ဇူလိုင်လ ၁၇ရက် နေ့မှာ ကွယ်လွန် ခဲ့ပါတယ်။
“သားလေး ဆုံးသွားပါပြီရှင်…..မွေးရာပါ နှလုံး အပေါက် (၂)ပေါက်ပါပြီး ရုတ်တရက် အမောဖောက်လာကာ ည (၂) နာရီမှာပဲ ဆုံးသွားပါတယ်ရှင်…သားလေး အတွက် သက်ပျောက်ဆွမ်း ကပ်ပြီး သဂြိုလ်ဘို့တွေ စီစဉ်ထားခဲ့ပါတယ်..ဖြစ်လေရာ ဘဝတိုင်းမှာ အခုလို အဖြစ်ဆိုးတွေ မကြုံရပဲ ကျန်းမာ သန်စွမ်းပြီး သာသနာ ပြုနိုင်တဲ့ သာလေးဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ကွယ်..” လို့ရေးသားထားပါတယ်။