Friday, May 23, 2025

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅...

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...
HomeCelebrities' Newsသရဖူဆုနဲ့ လွဲချော်သွားခဲ့ပေမယ့် ပရိသတ်တွေရဲ့...

သရဖူဆုနဲ့ လွဲချော်သွားခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့တာကြောင့် ပီတိဖြစ်ရတယ် အလှမယ် ထွန်းပုလဲရတနာ

Tun-Pearl-Yandanar

Miss Myanmar International 2017  ရဲ့ 1st Runner Up  ဆုရှင် အလှမယ် ထွန်းပုလဲရတနာက လက်ရှိမှာ ဆေးတက္ကသိုလ် (၁) မှာတတိယနှစ် Third M.B.B.S ပညာသင်ကြားနေသူ ဖြစ်ပါ တယ်။ ဆေးကျောင်းသူတစ်ဦးလည်း ဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ အလှမယ်ထွန်း ပုလဲရတနာရဲ့အချိန်ပေးမှုတွေအကြောင်းပြောပြတာက…

“နှစ်ခုလုံးကို တစ်ပြိုင်တည်း တွဲလုပ်ရတာ ပုလဲ အတွက် ခက်လည်းခက်ခဲသလို တအားလည်း ပင်ပန်းပါ တယ်။ ဒါကြောင့်မျှပြီး အချိန်ပေးတဲ့အခါမှာလည်း တစ်ခါ တလေ လစ်ဟာမှုလေးတွေ ရှိခဲ့တယ်။ ကျောင်းစာပိနေရင် အနုပညာပိုင်းလျှော့ရတာပေါ့။ ပုလဲအနေနဲ့ ကျောင်းသူ ဘဝမှာတော့ ဒီအနုပညာအလုပ်ကော ကျောင်းစာဘက်မှာပါ သေချာလုပ်နေရတဲ့အတွက် သရုပ်ဆောင်ပိုင်းတို့ တခြား အရာတွေ မလုပ်သေးဘဲ ကိုယ်ကျွမ်းကျင်တဲ့ Modeling  ပိုင်း၊ စံပြအလှမယ်ပိုင်းပဲ ရပ်တည်နေမှာပါ”လို့ ပြောပြပါ တယ်။

အလှမယ်ထွန်းပုလဲရတနာအနေနဲ့ ပြည်တွင်းပြိုင်ပွဲ အတွေ့အကြုံနဲ့ နိုင်ငံတကာအတွေ့အကြုံတွေ ရရှိထားသူ တစ် ယောက်ဖြစ်ပြီး Miss Myanmar International 2017   ပြိုင်ပွဲ ဝင်ပြိုင်တဲ့အခါမှာလည်း သရဖူကို လွဲချော်ခဲ့ပြီး 1st Runner Up  ဆုနဲ့ကျေနပ်ခဲ့ရပါတယ်။

“ညီမရဲ့ကြိုးစားအားထုတ်မှုက ဒီဆုနဲ့ ထိုက်တန်လို့၊ အသိအမှတ်ပြု လို့ ရရှိခဲ့တယ် လို့ ထင်ပါတယ်။ 1st Runner Up  ဆို တာကတော့ Crown  ဆုနဲ့ နီးနီးလေး လွဲ ခဲ့တယ်။ Miss Myanmar International  တစ်ယောက်ဖြစ်ဖို့ဆိုတာလည်း ပုလဲရဲ့ အိမ်မက်ပါ။ ဒါကြောင့် Miss Myanmar တစ်ယောက်ဖြစ်အောင် ဆက်ပြီးလည်း ကြိုးစားရဦးမယ်ဆိုတဲ့ အသိလည်းရလာတယ်။ တစ်ဖက်မှာလည်း ဃမသတညနဲ့ လွဲခဲ့ရပေမယ့် ပရိသတ်ရဲ့အားပေးမှုကို တစ်ခဲနက်ရရှိလိုက်တယ်။ ဒါဟာ ပုလဲအတွက် ပိုပြီးကျေနပ်ပီတိဖြစ်စရာပါ။ ပုလဲကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အတွက် ပိုပြီးကျေနပ်ရပါတယ်”လို့ ထွန်းပုလဲရတနာက ပြောပြခဲ့ ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071