Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeNewsEntertainment Newsသမ္မတကြီး ဦးထင်ကျော် (ငြိမ်း)အား...

သမ္မတကြီး ဦးထင်ကျော် (ငြိမ်း)အား ချစ်ခင်လေးစားသော ပြည်သူများ၏ ဒုလ္လဘ စုပေါင်းရဟန်းခံပွဲတွင် ဖျော်ဖြေမည့် အငြိမ့်နှစ်ဖွဲ့

 

သမ္မတကြီး ဦးထင်ကျော် (ငြိမ်း)ကို ချစ်ခင်လေးစားသော ပြည်သူများရဲ့ ဒုလ္လဘ စုပေါင်းရဟန်းခံပွဲကို ဧပြီလ ၆ ရက်နေ့ မှော်ဘီမြို့၊ ရွှေညဝါဆရာတော်ကျောင်းတိုက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါဂုဏ်ပြုအလှူပွဲမှာ သီးလေးသီး အငြိမ့်အဖွဲ့နဲ့ လူရွှင်တော်ဦးမေတ္တာတို့ရဲ့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့တို့မှ မှော်ဘီမြို့ ရွှေညဝါဆရာတော် ကျောင်းတိုက်မှာ နှစ်ညတိုင်တိုင် မေတ္တာနဲ့ အားဖြည့်ဂုဏ်ပြုကာ ကပြဖျော်ဖြေကြမှာ ဖြစ်တယ်လို့သိရပါတယ်။ ဧပြီလ ၅ ရက်နေ့ ရဟန်းလောင်းများ ဆံချပြီးတဲ့ညမှာ သီးလေးသီးအငြိမ့်အဖွဲ့မှ အလှူမင်္ဂလာပွဲ စတင်သည့် အထိမ်းအမှတ် အဖြစ် ကပြဖျော်ဖြေမှာဖြစ်ပြီး ဧပြီလ ၆ ရက်နေ့ညမှာတော့ ဒီဂုဏ်ပြုအလှူပွဲကြီး အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ လူရွှင်တော်ကြီး ဦးမေတ္တာတို့ရဲ့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့မှ ကပြဖျော်ဖြေမှာဖြစ်ပါတယ်။ ဒီကုသိုလ်ပြု ဂုဏ်ပြုပွဲမှာ အနုပညာနဲ့ ပါဝင်ဖျော်ဖြေပေးခွင့်ရတဲ့အပေါ် မေတ္တာရွှေစင်အငြိမ့်အဖွဲ့မှ ဦးမေတ္တာရဲ့သား မေတ္တာမြင့်မြတ်ဟိန်းက…

“ကျွန်တော်တို့နိုင်ငံကို ဦးဆောင်ပြီး အုပ်ချုပ်ခဲ့တဲ့ သမ္မတကြီး ဦးထင်ကျော်(ငြိမ်း)ကို လေးစားချစ်ခင်သူတွေရဲ့ ဂုဏ်ပြုအလှူပွဲမှာ ကျွန်တော်တို့ မေတ္တာရွှေစင်အဖွဲ့အနေနဲ့ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါ ပီတိ ဖြစ်ရပါတယ်လို့ အဖွဲ့ကိုယ်စားပြောချင်ပါတယ်။ ကျွန်တော်တို့မှာ အရင်ပွဲတွေထက် ဒီပွဲကပိုပြီးတာဝန်ကြီးပါတယ်။ အစစ အရာရာပေါ့။ နောက်ပြီး ဒီပွဲလေးက ကျွန်တော်တို့အဖွဲ့ကိုယ်တိုင် ပွဲကို စသိကတည်းက ဘယ်လိုဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကမယ် ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာပါ။ အဓိကကတော့ ကျွန်တော်တို့နိုင်ငံကိုခေါင်းဆောင်ခဲ့တဲ့ သမ္မတဟောင်း ဦးထင်ကျော်ကိုလည်း ကိုယ်တတ်နိုင်တဲ့ အနုပညာအားလေးနဲ့ ဂါရဝပြု ဂုဏ်ပြုချင်လို့ပါ။ ကျွန်တော်တို့ နိုင်ငံကို ပြောင်းလဲမှုတွေနဲ့ ကောင်း အောင် ခေါင်းဆောင်ခဲ့တဲ့ ဦးထင်ကျော်နဲ့ဇနီး ကျန်းမာရွှင်လန်းပါစေ” လို့ ဂုဏ်ယူပီတိစကားကို ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071