Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeCelebrities' Newsသမ္မတကြီးထံ ပေးစာကို ရုပ်ရှင်အဖြစ်အသက်သွင်းတော့မယ့်...

သမ္မတကြီးထံ ပေးစာကို ရုပ်ရှင်အဖြစ်အသက်သွင်းတော့မယ့် ဒါရိုက်တာဝိုင်း

ကိုယ့်လောကသားတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ်ကျေအောင်တော့ မဲလာထည့်ရတာပေါ့လို့ ဒါရိုက်တာဝိုင်းက စက်တင် ဘာလ ၂၃ရက်နေ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်ပွဲ ပထမနေ့မှာ မဲလာပေးစဉ် သူ့ကို အင်တာဗျူးမေး မြန်းဖြစ်တုန်းက ပြောခြင်းဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ပတ်သက်လို့ နှစ်ပေါင်း များစွာရေးဆွဲလာခဲ့တဲ့ ရုပ်ရှင်အ ခြေခံဥပဒေကို ပြင်ဆင် သင့်နေပြီဖြစ်ပြီး ရုပ်ရှင်ဥပဒေကို လွှတ်တော်မှာ တင် နိုင်ဖို့ အကြိတ် အနယ်လုပ်ဆောင်ရမှာဖြစ်ကြောင်း ဒါရိုက်တာဝိုင်းကပြော ပါတယ်။ အနုပညာပိုင်းနဲ့ ပတ်သက်လို့ကတော့ သူရိုက်ကူးထားတဲ့ ‘ ရွှေကြာ’ ရုပ်ရှင်ဇာတ်ကားကြီးက ဆင်ဆာကျသွားပြီဖြစ်ပြီး မကြာမီရုံ တင်ပြသ တော့မှာပါ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာဝိုင်းက…………

“ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ဇာတ်ကားတွေထဲမှာ ကျွန်တော် နောက်ပိုင်းလေ့လာထားတဲ့ ပညာရပ် တွေကို အသုံးချပြီးတော့ ရေးထားတဲ့ ဇာတ်ညွှန်းပုံစံအသစ်တစ်ခုပါ။ အရင်ဇာတ်ကားတွေရဲ့ ပုံသဏ္ဍာန်နဲ့တော့ လုံးဝတူမှာမဟုတ်ဘူး။အဓိကကတော့ ကျွန်တော်ပြောချင်တာထက် ပရိသတ်က ဘာရသွားသလဲဆိုတာ ပိုပြီးတော့ အရေးကြီးပါတယ်။ ကျွန်တော်တို့ကတော့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်  ပြောလို့ရတာပေါ့နော်။ သို့ပေမယ့် လည်း ကျွန်တော်က အဲဒီလိုမပြော ချင်ပါဘူး။ သူတို့သည် တကယ် ကျွန်တော်ပေးတာကို ရခဲ့ရဲ့လား၊ မရခဲ့ဘူး လားဆိုတာ ပရိသတ်နဲ့ကျမှပဲ သိခွင့်ရမှာပါ” လို့ ပြောပါတယ်။

ထပ်မံရိုက်ကူးမယ့် ‘သမ္မတကြီး ထံပေးစာ’ ဇာတ်ကားအကြောင်း ကိုလည်း မေးဖြစ်တဲ့အခါ “နောက်လကစတင်ပြီး ရိုက်ကူးမှာပါ။ ရန်ကုန်နဲ့နေပြည်တော်မှာ ရိုက်ကူးမှာပါ။ သမ္မတကြီးထံပေးစာ ကိုပြောချင်တယ်။ လွန်ခဲ့တဲ့ ၃နှစ်က တည်းက ဒီနာမည်တစ်ခုနဲ့ ဇာတ်ကို မပြင်ချင်လို့စောင့်နေတာပေါ့နော်။ သမ္မတဆိုတဲ့ နာမည်တစ်ခုပါ တာနဲ့ တင် ကျန်တဲ့အရာရာအားလုံးဟာ တော်တော်လေးကို အခက်အခဲ တွေ့ပါတယ်။ ဌာနဆိုင်ရာတွေက အစပေါ့။ သမ္မတရုံးတံဆိပ်တောင် ကျွန်တော်တို့ အတုလုပ်လို့မရပါဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့ တော်တော်လေးကို ပြင်ဆင်နေရပါ တယ်” လို့ပြောပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း   

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071