သရုပ်ဆောင် လှမျိုးသဉ္ဖာနွယ်က သမီးလေး သွန်းဘရဏီနွယ်ကို ဘာသာတရားရဲ့ အဆုံးအမနဲ့ ကြီးပြင်းစေမှာဖြစ်ပြီး အသက်မွေးဝမ်းကျောင်းကိုတော့ သမီးလေး ဝါသနာပါတဲ့အတိုင်း ပံ့ပိုးပေးသွားမှာပါ လို့ဆိုပါတယ်။
“အစ်မရဲ့သမီးလေးက သီချင်းလာတာနဲ့ ကတော့တာပဲ။ အော် ကလေးကို ကြီးလာရင် သူဘာဖြစ်ချင်လဲဆိုတာ ရွေးချယ်ခွင့်မပေးပဲ အခုကတည်းကပဲ အစ်မကပိုးသွင်းနေသလိုများ ဖြစ်နေလားလို့လေ၊ သူ့အဖေကတော့ သူ့သမီးကြိုက်တာလုပ်ပါစေတဲ့။ မင်းသမီးလုပ်ချင် လည်း သူပေးလုပ်မယ်တဲ့။ ဒါပေမဲ့ ကလေးကိုတော့ အခုကတည်းကလမ်းကြောင်း မချပေးပါနဲ့တဲ့။ ဘာသာရေးကျတော့ သူထိုင်တတ်တယ်ဆိုကတည်းက ဦးတော်လုပ်တတ်အောင် သင်ပေး တယ်။ မိန်းက လေးဖြစ်တော့ စိတ်ပူတာပေါ့။ ဘာသာတရားရဲ့ အဆုံးအမ နဲ့ ကြီးပြင်းစေမယ်လို့ စဉ်းစားထားတယ်။ အသက်မွေးဝမ်းကျောင်းကေ တာ့ သူလုပ်ချင် တာ လုပ်ပါစေ။ မင်းသမီးဖြစ်မှရမယ်။ ဆရာဝန်ဖြစ်မှ ရယ်လို့ မကန့်သတ်ထားပါဘူး။ အဓိကတော့ သူ့ဘဝတစ်လျောက် လုံး မပင်ပန်းစေချင်ဘူး” လို့ပြောပါတယ်။
လှမျိုးသဉ္ဖာနွယ်က သမီးလေး ၂နှစ်သမီးအရွယ်ရောက်ရှိလာ ပြီဖြစ်တာမို့ သီချင်းလည်း ပြန်သီဆိုဖြစ်သလို ထုတ်လုပ်ရေးလုပ် တည်ထောင် လိုက်ပြီးအနုပညာအလုပ်တွေကိုဆက်တိုက် ပြန်လည် လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ထုတ်လုပ်ရေးကို မောင်ဖြစ်သူ စိုးသီဟ အတွက်တည်ထောင်ဖြစ်တာဖြစ်ပြီး လူငယ်ဆန်တဲ့ ဇာတ်လမ်းမျိုးတွေ ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။ “ထုတ်လုပ်ရေးက ၂ကားရှိပြီ ထုတ်ထား တာ။ အစ်မကတော့ ပထမဇာတ်ကား မှာ ပါတယ်။ ဒုတိယဇာတ်ကားမှာ မပါဖြစ် ဘူး။ အစ်မ ထုတ်လုပ်ရေးဆို ပေမယ့် ကိုယ်ထုတ် ပြီး ကိုယ်ပါတယ်ဆို တာမျိုးမဟုတ်ဘူး။ ကိုယ်လိုအပ်ရင်ပါ မယ်။ အဲဒီပုံစံမျိုး ပေါ့။ ထုတ်လုပ်ရေးက ဒါအခုမှပထမဆုံးမဟုတ်ဘူး။ ‘ယုန်ကလေး ရဲ့ကိုယ်’ တုန်းကလည်း ကိုယ့်ဘာသာကိုယ်ထုတ်ခဲ့ တာပဲ။ အဲဒီတုန်းက အပြတ်ရောင်းလိုက်တာဆိုတော့ ရှင်းတယ်။ အခုကျ တော့ ကိုယ်တိုင်ဖြန့်ရမယ့် ပုံစံမျိုးဖြစ်နေတာပေါ့” လို့ ပြောပါ တယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း