သရုပ်ဆောင် မေကဗျာက အခုလတ်တလောမှာတော့ အနုပညာအလုပ်တွေနဲ့ နည်းနည်း အလှမ်းကွာနေပြီး စီးပွားရေးဘက်ကိုပဲ ပိုလုပ်ဖြစ်နေတယ်လို့ သိရပါ တယ်။ မေကဗျာက ရှေ့ဆက်လည်း စီးပွားရေးနဲ့ ဘာသာရေးဘက်တွေကိုသာ ပိုလုပ်သွားဖို့ရှိနေပါတယ် လို့ ပြောပါတယ်။
“အခုလတ်တလောမှာတော့ အနုပညာအလုပ်တွေ ဘာမှမလုပ် ဖြစ်ပါ ဘူး။ ဒီ့အတွက်လည်း ကဗျာနဲ့ ပရိသတ်တွေ နည်းနည်းအ လှမ်း ဝေးနေပါ တယ်။ သီချင်းလေးတွေကိုတော့ တစ်ခါတလေဆိုဖြစ်တယ်။ ကဗျာ စီး ပွားရေးဘက်ကို ပိုလုပ်ဖြစ်နေပါတယ်။ စီးပွားရေး ဆိုတာကလည်း သိပ် ကြီးကြီးမားမားအလုပ်ကြီးတော့မဟုတ်ပါဘူး။ ကဗျာ အင်္ကျီချုပ်ဆိုင် လေးတစ်ခု ဖွင့်လှစ်ထားတယ်။ နောက်ပြီး အွန်လိုင်းမှာလည်း မန္တလေး အမရပူရကနေ ချိတ်တွေယူပြီးရောင်းနေတယ်။ ဆိုင်ဖွင့်ထားတာ အခုဆို တစ်နှစ်ကျော်ကျော်လောက် ရှိသွားပြီဆိုတော့ ဆိုင်ကတော့ တအားအကြီးကြီးတော့ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဆိုင်လေးကို တိုးချဲ့သွားဖို့တော့ အစီအစဉ်ရှိ ပါတယ်။ ကဗျာကတော့ ရှေ့ဆက်ပြီး လည်း စီးပွားရေးအလုပ်တွေနဲ့ ဘာသာရေးဘက်ကိုပဲ ပိုလုပ်သွားဖို့ ရှိနေပါတယ်။ အနုပညာအလုပ် ကတော့ ကိုယ်ပဲ အသက်ရလာ လို့လား မသိဘူး။ သိပ်မလုပ်ချင်တော့ဘူး။ ဒါ ကဗျာအမှန်အတိုင်း ပြောတာပါ။ ဆိုင်ကလည်းတစ်ဖက် ဆိုတော့ ဇာတ်ကားရိုက်ကူးဖို့ အချိန်သိပ် မပေးနိုင်တာလည်းပါတယ်။ နောက် ပြီး အနုပညာ အလုပ်က တစ်သက်လုံးစာမရတဲ့အတွက်ေ ကြာင့် စီးပွား ရေး ဘက်ကို လှမ်းထားရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကဗျာ့ကို ဇာတ်ကားတွေပြန်ရိုက်ကူးစေချင်တဲ့ ပရိ သတ်တွေ ကဗျာ့ကို နားလည်ပေးကြပါလို့ မေတ္တာရပ်ခံ ပါတယ်” လို့ ပြောပါတယ်။ မေကဗျာက သူ့ရဲ့ သမီး လေး ဂင်္ဂါမေ ကိုလည်း အနုပညာ အလုပ်တွေ မလုပ် စေချင်ကြောင်းကို…”သမီးလေးကGrade- 7 တက်ရောက်နေတယ်။သူကစာတအားတော်တယ်။ အနုပညာကို ဝါသနာမပါဘူး။ ကဗျာကလည်း သမီးလေး ကို အနုပညာသမား မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ် က ပင်ပန်းတယ်။ သူ့ဘဝကိုပညာနဲ့ပဲ ရပ်တည်စေချင်တယ်။ အဲဒါ ကြောင့် ပညာရေးနဲ့ ပတ်သက်တာမှန်သမျှ၊ သင်တန်းမှန်သမျှ ကဗျာ အကုန်လုပ်ပေး တယ်” လို့ ပြောပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း