Friday, May 1, 2026

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော...

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က...

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင်...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊...

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား...

​ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရို-က်နှ-က်သ-တ်ဖြ-တ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်၊...
HomeMyanmar Theatrical Traditionသဘင်အဖွဲ့များ၏ ကြေငြာဗီနိုင်းများ၊ ပိုစတာများတွင်...

သဘင်အဖွဲ့များ၏ ကြေငြာဗီနိုင်းများ၊ ပိုစတာများတွင် လွန်ကဲစွာ သရုပ်ပျက်သည့် ဓာတ်ပုံများ ထည့် သွင်းသုံးစွဲခြင်း မပြုရန် (ဗဟို)သဘင်မှ ကြေညာ

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ ရုပ်သေးပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်းသိရပါတယ်။”ဆရာမကြီး ဒေါ်မမနိုင်တို့က ရုပ်သေးအသင်းအနေနဲ့က ဖွဲ့စည်းထားပြီးသားပါ။ သဘင်အစည်းအရုံးကနေ သူတို့ကို ပြန်လှည့်မကြည့်ဘူး ထင်လို့သူတို့ ဘာသာသူတို့ စိတ်ပူ ပြီးတော့ လုပ်ထားတာလို့ ဆရာမကြီးက ပြောပါတယ်။ ဒါကြောင့် အစ်မတို့အနေနဲ့ သူတို့ ပထမက ဖွဲ့စည်းပြီးသား ဖွဲ့စည်း ပုံအတိုင်းကို ပြန်ယူလိုက်တယ်။ ယူလိုက်ပြီးတော့မှ အင် အားထပ်ဖြည့်တာပေါ့နော်။

အင်အားထပ်ဖြည့်ပြီးတော့မှ ရုပ်သေးကော်မတီကို ဖွဲ့စည်းတာ ပါ” လို့ ရုပ်သေးပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဖွဲ့စည်းမှုအကြောင်းကို မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်း အရုံး (ဗဟို)မှ ပြန်ကြားရေးမှူး ပတ္တမြားကေခိုင်က ပြောပါတယ်။ ရုပ်သေးပညာရပ်များ ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီများကတော့ ဒေါ်မမနိုင်- ဥက္ကဋ္ဌ၊ ဦးခင်မောင်တင် – ဒုဥက္ကဋ္ဌ(၁)၊ ဒေါ်ဝင်းဝင်းမြင့် – ဒု ဥက္ကဋ္ဌ(၂)၊ ဦးစိုးမြတ်သူ- အတွင်းရေးမှူး၊ ဒေါ်အေးအေးမော် – တွဲဖက် အတွင်းရေးမှူး(၁)၊ ဦးစိန်အေးမြင့် – တွဲဖက်အတွင်းရေးမှူး-၂၊ ဒေါ်မေခင် မောင်တင့်- တွဲဖက်အ တွင်းရေးမှူး(၃)၊ ဒေါ်သဇင်မြင့်- ဘဏ္ဍာရေးမှူး၊ ဦး အောင်ပန်းဝေ – စာရင်းစစ်-၁၊ ဦးသိန်းလွင် – စာရင်း စစ်-၂၊ ဦးကျော်စိုး – ပြန်ကြားရေးတို့က ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို) အနေနဲ့ သဘင်ညီလာခံကို နိုဝင်ဘာလထဲမှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး ဒီညီလာခံပြီးဆုံးတာနဲ့ သဘင်အစည်းအရုံး (ဗဟို) အမှု ဆောင်အဖွဲ့ ရွေးချယ်ပွဲကိုပါ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။

သဘင်သက်ကြီးပူဇော်ပွဲကိုတော့ (ဗဟို) သဘင်အနေနဲ့ ဦးစီးပြီး လုပ်ဆောင်သွားဖို့ လောလောဆယ်မှာ မစီစဉ်ရသေးကြောင်းလည်း သိရပါတယ်။ ဒါ့အပြင်ဇာတ်၊ ဆိုင်းနှင့် အခြား သဘင်အဖွဲ့များ၏ ကြေငြာဗီနိုင်းများ၊ ပိုစတာများတွင် မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ကန်သော လွန်ကဲစွာ သရုပ်ပျက်သည့် ဓာတ်ပုံများ ထည့် သွင်းသုံးစွဲခြင်း မပြုပါရန် သဘင်အစည်းအရုံး (ဗဟို) မှ သတိပေး ကြေငြာထားပြီး သုံးစွဲသည်ကို တွေ့ရှိရပါက သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် သဘင်အစည်းအရုံးများသို့ လည်းကောင်း၊  ဗဟိုသဘင် ဖေ့စ်ဘုတ်စာမျက်နှာသို့ အချက်အလက်များ ပို့ပေးခြင်းဖြင့် လည်းကောင်း၊ ကူညီအကြောင်း ကြားပေးပါရန်နှင့်  သဘင့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (ဗဟို) သဘင်မှ သတိပေး ထုတ်ပြန်အပ်ပါသည်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071