Friday, May 8, 2026

ကမ္ဘာ့ကြက်ခြေနီနေ့ (၂၀၂၆) – လူသားချင်းစာနာထောက်ထားမှုနှင့်...

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ရှေ့တန်းမှ ဦးဆောင်နေသည့် ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုကြီးကို...

မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို၊...

ဌာန(သို့)အဖွဲ့အစည်းကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို၊ နှစ်ရှည်ငှားရမ်းခွင့်ပြုခြင်းဖြင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဌာန(သို့)အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်မားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မားလျက်ရှိပြီး ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ်များတွင် အဆိုပါရောဂါကြောင့် ‌ေ-သဆုံးမှုရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘို၊...

နိုင်ငံ ၈ နိုင်ငံ ၏...

"𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬" အစီအစဉ် ဖြင့်  ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေ နှင့်  အမေရိကန်သံရုံးများ၏...
HomeMyanmar Theatrical Traditionသဘင်သီချင်းပြိုင်ပွဲ ပထမအဆင့် အကဲဖြတ်မှုပြီးစီး

သဘင်သီချင်းပြိုင်ပွဲ ပထမအဆင့် အကဲဖြတ်မှုပြီးစီး

15494049_1385094714834640_1037794834_n-copy

မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ စီစဉ် ပြုလုပ် တဲ့ သဘင်သီချင်းပြိုင်ပွဲမှ ပထမဆုရရှိတဲ့ သီချင်းကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လဆန်းလောက်မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း သိရပါတယ်။ အခုလက်ရှိ အချိန်မှာတော့ ပညာရှင်များနဲ့ မျိုးဆက် သစ်များထံမှ ပေးပို့လာ တဲ့ သီချင်း ၁၈ ပုဒ်ကို အကဲဖြတ်အဖွဲ့က ပထမအဆင့်အကဲဖြတ်ခဲ့ရာ ၃ ပုဒ် ရွေးချယ်လိုက်ကြောင်း သိရပါတယ်။ ပထမအဆင့် အကဲဖြတ်အဖွဲ့မှာ တော့ ရွာစားဦးဘစိန်မော်၊ စည်သူ ဦးရွှေနန်းတင်၊ ဂီတစာဆို မလှိုင်သန်းထွန်း၊ တေးရေး ဆရာ   နိုင်မြန်မာ၊ ဦးမိုးဝင်း၊ ဦးနန်းဝင်း၊ ဦးသိန်းဇော်၊ ဦးအောင် တင်ဝင်းတို့ ပါဝင်ပါတယ်။

“အကဲဖြတ်တဲ့ဒိုင်လူကြီးတွေကတော့ သီချင်းက ဘယ်သူရေးတယ် ဆို တာမသိပါဘူး။ အစ်မတို့အနေနဲ့က ကုတ်နံပါတ်နဲ့ သီချင်း နာမည်နဲ့ပဲ သူတို့ကို ဖော်ပြပေးတာပါ” လို့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင် က ပြောပါတယ်။ ပထမအဆင့် အကဲ ဖြတ် ရွေးချယ်ခဲ့တဲ့ ၃ ပုဒ်ကိုတော့ ဒုတိယအဆင့်အနေနဲ့ အကဲဖြတ်ရွေးချယ် မှာဖြစ်ပြီး ပထမဆု အဖြစ် တေးသီချင်းတစ်ပုဒ်ကိုသာ ရွေးချယ်ချီးမြှင့်ပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒုတိယအဆင့် အကဲဖြတ်ရွေးချယ်မှုရဲ့ ဒိုင်တွေ အဖြစ် ပထမအဆင့်က ဒိုင်တွေအပြင် ဘဘဗိုလ်ကလေးတင့်အောင်၊ ဆရာ ချစ်ဦးညို၊ ဒေါ်ရီရီသန့်တို့ပါ ပါဝင်နိုင်အောင် မေတ္တာ ရပ်ခံသွားမယ်လို့ ဒေါ် ပတ္တမြားကေခိုင်က ပြောပါတယ်။ ပထမဆုအဖြစ်ရွေးချယ်ခံရတဲ့ သဘင်သီချင်း ကိုတော့ ပြိုင်ပွဲရဲ့ပထမဆုအဖြစ်  ချီးမြှင့်သွားမှာဖြစ်ပေမယ့် သီချင်းကိုတော့ သဘင့်အထိမ်းအမှတ် သီချင်းအဖြစ် သတ်မှတ်အသုံးပြုဖို့ အသုံးမပြုဖို့ကိုတော့ ဒိုင်လူကြီးများမှ ထပ်မံနားထောင် အကဲဖြတ်သွားဦးမှာဖြစ်ကြောင်းလည်း သိရပါတယ်။

“အစ်မတို့အနေနဲ့ သဘင်သီချင်း ပြိုင်ပွဲနဲ့ပတ်သက်လို့ Plan A ၊ Plan B  ကိုတော့ စဉ်းစား ထားပါတယ်။ ဆုရွေးချယ်ရေးကတော့ ပထမချမှတ်ထားတဲ့ ပုံစံအတိုင်းသွားမှာဖြစ်ပြီး သဘင် သီချင်းအဖြစ်နဲ့ ရာသက်ပန် သုံးစွဲဖို့အတွက် တစ်ပုဒ်ဖြစ်လာဖို့၊ မဖြစ်လာဖို့အတွက် ကတော့ ဒိုင် လူကြီးတွေ ပြန်လည်ပြီးတော့ နားထောင်ဦးမယ်။ သဘင်အစည်းအရုံး အမှုဆောင်အဖွဲ့တွေ ပြန်ပြီးတော့ အစည်းအဝေး လုပ်ပြီး တိုင်ပင်ကြပါဦးမယ်” လို့ ပြန်ကြားရေးမှူး ဒေါ်ပတ္တမြား ကေခိုင်က ပြောပါတယ်။ သဘင်သီချင်းပြိုင်ပွဲမှာ ပထမဆုရသီချင်းကိုေ တာ့ ငွေကျပ် သိန်း ၅ဝ ချီးမြှင့်သွားမယ်လို့ သတ်မှတ်ထားပြီး ပေးပို့လာတဲ့ တေးသီချင်း ၁၈ ပုဒ်ထဲမှ ၁ဝ ပုဒ်ကိုလည်း  စီးရီးခွေအဖြစ် ထုတ်လုပ်ပေးသွားဖို့ အစီအစဉ်လည်းရှိကြောင်း သိရပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071