Friday, September 4, 2026

အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ အလည်အပတ်ထွက်ခွာပါကသင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ်...

ပြည်ပသို့ ထွက်ခွာရန်ရှိပါက PS အမျိုးအစားမှ PV သို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်ကြောင်း အသိပေး ပြည်ပသို့ သင်္ဘောသားများ တရားမဝင်စေလွှတ်မှုများကြောင့် ပြဿနာများ ဖြစ်ပေါ်နေသည့်အတွက်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့...

ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင်...

မြန်မာ-နီကာရာဂွါနှစ်နိုင်ငံကြား Creative Economy နယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့်...

မြန်မာ-နီကာရာဂွါနှစ်နိုင်ငံကြား Creative Economy နယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုရှာဖွေသွားမည်ဟု နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးထွန်းအောင်ကျော်က ဆွေးနွေးပြောကြားသည်။ မြန်မာသံအမတ်ကြီးဦးထွန်းအောင်ကျော်က နီကာရာဂွါနိုင်ငံ၊ National Commission of Creative...

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အနီးရောက်ရှိလာသဖြင့် ကလေးဝနှင့် မင်းကင်းမြို့တို့တွင်...

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးဝနှင့် မင်းကင်းမြို့နယ်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်သတိပြုကြရန် သတိပေးနှိုးဆော်ထားသည်။ ယနေ့ (စက်တင်ဘာ ၄...
HomeNewsLocal Newsသတ်မှတ်အခြေခံရည်ညွှန်းဈေးဖြင့် ဆန်ပုံမှန်ရောင်းချရန် ဆန်စပါးကုန်သည်များအသင်း...

သတ်မှတ်အခြေခံရည်ညွှန်းဈေးဖြင့် ဆန်ပုံမှန်ရောင်းချရန် ဆန်စပါးကုန်သည်များအသင်း မေတ္တာရပ်ခံ

ရန်ကုန်၊ စက်တင်ဘာ ၄

ဆန်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးနှုန်းများဖြင့် စားသုံးသူများထံ အရည်အသွေးမှန်ကန်စွာ ရောင်းချပေးရန်နှင့် ဆန်ဈေးကွက်တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက စက်တင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန် မေတ္တာရပ်ခံလိုက်သည်။

အသင်း၏ ထုတ်ပြန်ချက်အရ လူဦးရေထူထပ်သည့် မြို့နယ်များရှိ ဈေးများနှင့် သင့်တင့်သည့်နေရာများတွင် ဆန်အရောင်းဆိုင်များ လိုအပ်သလို ဖွင့်လှစ်ကာ ပုံမှန်ရောင်းချပေးရန်နှင့် ဆန်များကို ဈေးနှိမ်သိုလှောင်ပြီး ဈေးနှုန်းမြင့်တက်ချိန်မှ ရောင်းချခြင်းမျိုး မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

ထို့ပြင် ဆန်သိုလှောင်မှုမှတ်တမ်း (MyRo Registration) ကို ပုံမှန်စာရင်းသွင်းရန်၊ လစဉ် ကုန်လက်ကျန်စာရင်းများ တင်သွင်းရန်နှင့် ကုန်စည်ဒိုင်များနှင့် လက်ကားဆိုင်များအနေဖြင့် ဆန်စီးဝင်/စီးထွက် စာရင်းသတင်းပို့စနစ်ကို မပျက်မကွက် ဆောင်ရွက်ရန် အသိပေးထားသည်။

အလားတူ Facebook၊ TikTok အပါအဝင် Social Media Online Platform များတွင် ဆန်ရောင်းဝယ်သူများအနေဖြင့် သက်ဆိုင်ရာ ဥပဒေများကို တိကျစွာ လိုက်နာရန်နှင့် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေမည့် ခန့်မှန်းဈေးနှုန်းများ၊ စိုးရိမ်ထိတ်လန့်စေသည့် သတင်းအချက်အလက်များ ရေးသားပြောဆိုရောင်းချခြင်း မပြုလုပ်ရန်လည်း မေတ္တာရပ်ခံထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ အလည်အပတ်ထွက်ခွာပါကသင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် စက်တင်ဘာ ၁၅ ရက်မှစ၍ ခွင့်ပြုမည်မဟုတ်

ပြည်ပသို့ ထွက်ခွာရန်ရှိပါက PS အမျိုးအစားမှ PV သို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်ကြောင်း အသိပေး ပြည်ပသို့ သင်္ဘောသားများ တရားမဝင်စေလွှတ်မှုများကြောင့် ပြဿနာများ ဖြစ်ပေါ်နေသည့်အတွက် အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ ခွင့်ပြုမည်မဟုတ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက အသိပေးထားသည်။ ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ ဌာနတွင် တရားဝင် SRPS လိုင်စင် မရှိသည့် ကုမ္ပဏီများ၊ ကြားခံပုဂ္ဂိုလ်များနှင့် ပွဲစားများက သင်္ဘောသားများကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ

ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ စက်ရုံသို့ ရောက်ရှိချိန်တွင် VinFast မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး VinFast စတင်တည်ထောင်ခဲ့သည့် နောက်ခံသမိုင်းကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှု၊ ထုတ်လုပ်နိုင်စွမ်းနှင့် စက်ရုံအတွင်း ခေတ်မီနည်းပညာများ၊ အလိုအလျောက်ထုတ်လုပ်ရေးစနစ်များ အသုံးပြုဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက်...

မြန်မာ-နီကာရာဂွါနှစ်နိုင်ငံကြား Creative Economy နယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုရှာဖွေမည်

မြန်မာ-နီကာရာဂွါနှစ်နိုင်ငံကြား Creative Economy နယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုရှာဖွေသွားမည်ဟု နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးထွန်းအောင်ကျော်က ဆွေးနွေးပြောကြားသည်။ မြန်မာသံအမတ်ကြီးဦးထွန်းအောင်ကျော်က နီကာရာဂွါနိုင်ငံ၊ National Commission of Creative Economy ၏ General Coordinator ဖြစ်သူ Madame Camila Ortega Murillo အား စက်တင်ဘာ ၃ ရက်တွင်တွေ့ဆုံချိန်၌ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ သံအမတ်ကြီးက နီကာရာဂွါနိုင်ငံ၏ Creative Economy ကြောင့် ဒေသထွက်ကုန်ထုတ်လုပ်မှုနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ပြီး နှစ်နိုင်ငံကြား Creative Economy နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071