သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်အား သွယ်ဝိုက်သောနည်းလမ်းအသွယ် သွယ်ဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းစေသည့်အ ပြင် တိုက်ရိုက်အကျိုးပြုခြင်းလည်း အများအပြားရှိဟု နစက ဥက္ကဋ္ဌကပြော
နစက ဥက္ကဋ္ဌမှ ဇူလိုင် ၂၅ ရက်က နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ရေဆင်းဆည်အနီး၌ ၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
သစ်ပင်စိုက်ပျိုးထိန်းသိမ်းသည့် အလေ့အထရှိသူများဖြစ်လာပါက တစ်နိုင်ငံလုံးသည် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ် ရပ်တည်လာနိုင်မည်ဟုပြောသည်။
ထိုသို့ဖြစ်လာပါက မိမိတို့နိုင်ငံသားများအနေဖြင့်လည်း သာယာနေပျော်ဖွယ်ကောင်းသည့် သဘာဝပတ်ဝန်းကျင်ကောင်းတစ်ရပ်အား မလွဲမသွေပိုင်ဆိုင်လာမည်ဖြစ်ကာ ကောင်းမွန်မျှတသည့် ရာသီဥတုနှင့်လတ်ဆတ်သန့်စင်သည့် လေ ကောင်းလေသန့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရမည်ဖြစ်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်ပြီး လူ့သက်တမ်းစေ့နေထိုင်နိုင်သည့် လူ့အသိုက်အဝန်းတစ်ရပ်အ ဖြစ် မလွဲမသွေရောက်ရှိလာမည်ဖြစ်သည်ဟု ပြောသည်။
“သစ်တောသစ်ပင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို သွယ်ဝိုက်တဲ့နည်းလမ်း အသွယ်သွယ်နဲ့အ ကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့အပြင် တိုက်ရိုက် အ ကျိုးပြုတာလည်းအများအပြားရှိနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ပင်လယ်ကမ်းရိုးတန်းဒေသဒီရေတောများသည် လေထုအတွင်းမှ ကာဗွန်ဓာတ်ငွေ့အား ဖယ်ထုတ်ပေးရာတွင် အဓိကအရေးပါပြီး အင်အားကြီးမားသည့် မုန်တိုင်းကြီးများ၏ သက်ရောက်မှုပြင်းအားကို လျှော့ချပေးနိုင်ကာ ဦးတည်ရာအရပ်ပြောင်းလဲသွားရန်လည်း အထောက်အကူပြုနိုင် သည်ကို မြန်မာနိုင်ငံ၌ ကြုံတွေ့ခဲ့ကြရဖူးသည့် သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များတွင် အထင် အရှားတွေ့မြင်ခဲ့ကြရပြီးဖြစ်သည်ဟု ပြောသည်။
“ကုန်းတွင်းပိုင်းဒေသတွေဆိုရင်လည်း သစ်တောသစ်ပင်တွေက မြေဆီလွှာကို ထိန်းသိမ်းပေးနိုင်တာကြောင့် လယ်ယာကိုင်းကျွန်းမြေတွေ အောင် မြင်ဖြစ်ထွန်းတာ၊မြေအောက်ရေကို ထိန်းသိမ်းပေးနိုင်တာတွေကြောင့် ရေတွင်းရေကန်နဲ့သဘာဝစမ်းချောင်းတွေ တည်မြဲနေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
အလားတူ မြစ်ရေတိုက်စား၍ကမ်းပါးပြိုခြင်းနှင့် မိုးများ၍ မြေပြိုသည့်ဖြစ်စဉ်များအပေါ် တိုက် ရိုက်ကာကွယ်လျှော့ချပေးခဲ့သည်ဟု ပြောသည်။
“သစ်ပင်စိုက်ပျိုးခြင်းဟာ မိမိအတွက်ဆိုတာထက် အများအတွက်ဆိုတဲ့ ကုသိုလ်စေတနာသဒ္ဓါ တရားရှေ့ဆောင်ပြီး ပြုလုပ်အားထုတ်တဲ့ အလုပ်တစ်မျိုးဖြစ်တဲ့အတွက် ဘာသာတရားပိုင်းအမြင်နဲ့လည်း ကောင်းမွန်သင့်မြတ်တဲ့ အလုပ်ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။