Monday, April 13, 2026

နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို...

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်စစ်ပွဲအပေါ် ၎င်း၏ ရပ်တည်ချက်ကို...

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ...

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့်...
HomeNewsLocal Newsသစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်အား သွယ်ဝိုက်သောနည်းလမ်းအသွယ်...

သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်အား သွယ်ဝိုက်သောနည်းလမ်းအသွယ် သွယ်ဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းစေသည့်အ ပြင် တိုက်ရိုက်အကျိုးပြုခြင်းလည်း အများအပြားရှိဟု နစက ဥက္ကဋ္ဌကပြော

သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်အား သွယ်ဝိုက်သောနည်းလမ်းအသွယ် သွယ်ဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းစေသည့်အ ပြင် တိုက်ရိုက်အကျိုးပြုခြင်းလည်း အများအပြားရှိဟု နစက ဥက္ကဋ္ဌကပြော

နစက ဥက္ကဋ္ဌမှ ဇူလိုင် ၂၅ ရက်က နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ရေဆင်းဆည်အနီး၌ ၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

သစ်ပင်စိုက်ပျိုးထိန်းသိမ်းသည့် အလေ့အထရှိသူများဖြစ်လာပါက တစ်နိုင်ငံလုံးသည် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ် ရပ်တည်လာနိုင်မည်ဟုပြောသည်။


ထိုသို့ဖြစ်လာပါက မိမိတို့နိုင်ငံသားများအနေဖြင့်လည်း သာယာနေပျော်ဖွယ်ကောင်းသည့် သဘာဝပတ်ဝန်းကျင်ကောင်းတစ်ရပ်အား မလွဲမသွေပိုင်ဆိုင်လာမည်ဖြစ်ကာ ကောင်းမွန်မျှတသည့် ရာသီဥတုနှင့်လတ်ဆတ်သန့်စင်သည့် လေ ကောင်းလေသန့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရမည်ဖြစ်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်ပြီး လူ့သက်တမ်းစေ့နေထိုင်နိုင်သည့် လူ့အသိုက်အဝန်းတစ်ရပ်အ ဖြစ် မလွဲမသွေရောက်ရှိလာမည်ဖြစ်သည်ဟု ပြောသည်။


“သစ်တောသစ်ပင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို သွယ်ဝိုက်တဲ့နည်းလမ်း အသွယ်သွယ်နဲ့အ ကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့အပြင် တိုက်ရိုက် အ ကျိုးပြုတာလည်းအများအပြားရှိနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပင်လယ်ကမ်းရိုးတန်းဒေသဒီရေတောများသည် လေထုအတွင်းမှ ကာဗွန်ဓာတ်ငွေ့အား ဖယ်ထုတ်ပေးရာတွင် အဓိကအရေးပါပြီး အင်အားကြီးမားသည့် မုန်တိုင်းကြီးများ၏ သက်ရောက်မှုပြင်းအားကို လျှော့ချပေးနိုင်ကာ ဦးတည်ရာအရပ်ပြောင်းလဲသွားရန်လည်း အထောက်အကူပြုနိုင် သည်ကို မြန်မာနိုင်ငံ၌ ကြုံတွေ့ခဲ့ကြရဖူးသည့် သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များတွင် အထင် အရှားတွေ့မြင်ခဲ့ကြရပြီးဖြစ်သည်ဟု ပြောသည်။


“ကုန်းတွင်းပိုင်းဒေသတွေဆိုရင်လည်း သစ်တောသစ်ပင်တွေက မြေဆီလွှာကို ထိန်းသိမ်းပေးနိုင်တာကြောင့် လယ်ယာကိုင်းကျွန်းမြေတွေ အောင် မြင်ဖြစ်ထွန်းတာ၊မြေအောက်ရေကို ထိန်းသိမ်းပေးနိုင်တာတွေကြောင့် ရေတွင်းရေကန်နဲ့သဘာဝစမ်းချောင်းတွေ တည်မြဲနေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


အလားတူ မြစ်ရေတိုက်စား၍ကမ်းပါးပြိုခြင်းနှင့် မိုးများ၍ မြေပြိုသည့်ဖြစ်စဉ်များအပေါ် တိုက် ရိုက်ကာကွယ်လျှော့ချပေးခဲ့သည်ဟု ပြောသည်။

“သစ်ပင်စိုက်ပျိုးခြင်းဟာ မိမိအတွက်ဆိုတာထက် အများအတွက်ဆိုတဲ့ ကုသိုလ်စေတနာသဒ္ဓါ တရားရှေ့ဆောင်ပြီး ပြုလုပ်အားထုတ်တဲ့ အလုပ်တစ်မျိုးဖြစ်တဲ့အတွက် ဘာသာတရားပိုင်းအမြင်နဲ့လည်း ကောင်းမွန်သင့်မြတ်တဲ့ အလုပ်ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို မကြိုက်ဟု ထရမ့်ဝေဖန်

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်စစ်ပွဲအပေါ် ၎င်း၏ ရပ်တည်ချက်ကို ရှုတ်ချကာ ပုပ်ရဟန်းမင်းကြီးသည် “နိုင်ငံခြားရေးမူဝါဒအတွက် အလွန်ဆိုးရွားသူ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို ကျွန်တော်တို့ မကြိုက်ဘူး။ … သူက ကမ္ဘာကြီးကို ဖောက်ခွဲဖျက်ဆီးပစ်ဖို့ နျူကလီးယားလက်နက် လိုချင်နေတဲ့ နိုင်ငံမျိုးနဲ့ ကျွန်တော်တို့က မကစားသင့်ဘူးလို့ ထင်နေတဲ့လူပဲ” ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့ပြီး “ကျွန်တော်...

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အဖွင့်အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရန်ကုန်မြို့တော်ဝန် ၊အစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင်အနုပညာရှင်များ ၊ ယိမ်းအကအလှပျိုဖြူများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့မှ ဧပြီ ၈ ရက်ကလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု၊ အကျဉ်းသူများ၏ တစ်နေ့တာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင် တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့်လေ့ကျင့်ခန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက်လိုအပ်သည့် တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ မြန်မာအစား အစာများအပါအဝင် အသင့်စားအစားအစာများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071