Saturday, July 11, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း –...

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...
HomeNewsLocal Newsသင်္ကြန်ကာလအတွင်း ရွှေဈေးကျလာနိုင်ဟု ခန့်မှန်းသော်လည်း...

သင်္ကြန်ကာလအတွင်း ရွှေဈေးကျလာနိုင်ဟု ခန့်မှန်းသော်လည်း လက်ရှိတွင် တစ်ကျပ်သား (၂၉) သိန်း အောက်သို့ ပြန်မဆင်းသေး

ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ အရောင်းအဝယ်အေးနေသော်လည်း ပြင်ပရွှေဈေးနှုန်းမှာ (၂၉) သိန်းကျပ်အထက်တွင်သာ ဆက်လက်ရပ်တည်နေကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။

ယခုလ လလယ်ပိုင်းက စတင်ကာ ကမ္ဘာ့ရွှေဈေးလှုပ်ခတ်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းပါ လိုက်တက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အခေါက်ရွှေတစ်ကျပ်သားလျင်(၂၉)သိန်းကျပ် အထက်ဖြင့်သာ ဆက်လက်ရောင်းဝယ်နေကြဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းအ‌နေဖြင့် တစ်အောင်စလျင် ၂၉၉၈ ဒေါ်လာအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ပြည်တွင်းရှိ အခေါက်ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သားလျင် ၂၉၇၀၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်မှုများ ရှိခဲ့သော်လည်း ဈေးကွက်အတွင်း၌ အရောင်းအဝယ် အေးသည့်အခြေအနေတွင်သာ ရှိနေကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် ၁၉၆၀ ဒေါ်လာအထိ ပြန်လည်ကျဆင်းလာပြီး ပြည်တွင်း ရွှေဈေးနှုန်းအနေဖြင့် အခေါက်‌ရွှေတစ်ကျပ်သားလျင် ၂၉၂၀၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မကြာမီ ရက်ပိုင်းအတွင်း မြန်မာရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလ ကျရောက်တော့မည်ဖြစ်သည့် အတွက် ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းဆက်လက်ကျဆင်းလာနိုင်သော်လည်း အရောင်းအဝယ်မှာ ဆက်လက်အေးနေနိုင်ကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူအချို့က သုံးသပ်ကြသည်။

” သင်္ကြန်ကာလလည်း နီးပြီဆိုတော့ ရွှေဈေးကတော့ နည်းနည်းပါးပါးတော့ ကျလောက်တယ်ပေါ့။ ဒါပေမဲ့ အရောင်းအဝယ်ပိုင်းကတော့ အခြေအနေတွေ အရပ်ရပ်ကြောင့် ဆက်ပြီး အေးနေဦးမယ့် သဘောရှိပါတယ်။ ပုံမှန်အခြေအနေမျိုးပေါ့ ” ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းနေပြီး ထပ်မံ၍ ကျလာနိုင်သေးသည့်အတွက် သင်္ကြန်ကာလတွင် မြန်မာ့ရွှေဈေးပါ အကျဘက်သို့ ဦးတည်လာနိုင်ကြောင်း ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကလည်း သုံးသပ်သည်။

” ကမ္ဘာ့ဈေးကတော့ နည်းနည်း ပြန်ကျလာပြီပေါ့ကွာ။ ဆက်ပြီးတော့လည်း ကျနိုင်သေးတယ် ။ ဆက်ကျနိုင်သေးတယ်ဆိုရင်တော့ ပြည်တွင်းရွှေဈေးကလည်း ဒီသင်္ကြန်ဆိုရင်တော့ အကျထဲ ရောက်သွားနိုင်တာပေါ့ ” ဟု ဦးမျိုးမြင့်က ပြောသည်။

ယနေ့ မတ်လ (၃၀) ရက် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျင် ၂၃၀၉၁၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၉၆၀ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly Borovik၏ နေ အိမ်၌ကျင်းပသည့် အာဆီယံ-ရုရှားဆက် ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့် ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဧည့်ခံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယဝန်ကြီး Mr. Kung Phoak၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း – အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) အသက် (၈၆) နှစ်တွင် ကွယ်လွန်

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) နံနက် ၇:၀၀ နာရီတွင် ရန်ကုန်မြို့၌ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ကြောင်း မိသားစုနှင့် စာပေအသိုင်းအဝိုင်းထံမှ ဝမ်းနည်းဖွယ်ရာ သိရှိရသည်။ ကွယ်လွန်ချိန်တွင် ဆရာမကြီးသည် အသက် (၈၆) နှစ် ရှိပြီဖြစ်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်ကို လာမည့် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်နေ

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ရာ အချို့ရုပ်ထုများတွင် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီမှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများကို ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထိန်းသိမ်းထားရှိနိုင်ရေး၊ နောင်လာနောက်သားများအနေဖြင့် သမိုင်းတန်ဖိုးနှင့် အစဉ်အလာကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071