တာချီလိတ်၊ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်လန်း (မိုင်းလန်း) ကျေးရွာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းစခန်းသစ်ကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ မိုဘိုင်းစခန်းသစ်သည် အစိုးရ၏ ရက် (၁၀၀) စီမံကိန်း လုပ်ငန်း ၂၇ ခုအနက် တစ်ခုဖြစ်ပြီး နယ်စပ်နှင့် ကျေးလက်ဒေသများတွင် ဖုန်းနှင့် အင်တာနက်လိုင်း တည်ငြိမ်ကောင်းမွန်စေရေး၊ ဒီဂျစ်တယ် ဆက်သွယ်ရေး လွှမ်းခြုံမှု တိုးမြှင့်ပေးနိုင်ရေးနှင့် ဒေသခံများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍများ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ထွန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်မျိုးဌေးတို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။