ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း ညစျေးတန်းမှ စျေးသည်များအား လမ်းမကြီးပေါ်၌ (၇)ရက်ကြာ ပြန်လည်ရောင်း ချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းသည် ညစျေးတန်းမှ စျေးသည်များတောင်းဆိုမှုကြောင့် ဗိုလ်ချုပ်လမ်းမ၊ ရှမ်းရိုးမကွင်းတဝိုက်တွင်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“ညနေ သုံးနာရီကနေ၊ ည ၁၂ နာရီအထိ ရောင်းချခွင့်ပေးမယ်။ ရှမ်းရိုးမကွင်း အနီးတဝိုက်က ဆိုင်တွေကိုသာ စည်းကမ်း လိုက်နာပါ့မယ်ဆိုတဲ့ ကတိနဲ့ (၇) ရက်တာ ကတိပြုပေးသွားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ မူလ ညစျေးမှာ ပြန်လည် ရောင်းချပေးရမှာ ဖြစ်ပါတယ်။” ဟု စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
ဈေးရောင်းချခွင့်နှင့်ပတ်သက်၍ ယနေ့ ဧပြီ(၁၀)ရက်၌ တာဝန်ရှိသူများနှင့် တာချီလိတ်မြို့ ညစျေးမှ စျေးသည်များ ယခုကဲ့သို့ ပြန်လည်ရောင်းချခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
ယခု ရှမ်းရိုးမကွင်းတဝိုက် ဗိုလ်ချုပ်လမ်းမပေါ်တွင် ရောင်းချလိုသူများအနေနှင့် စည်ပင်သာယာရေး ဌာနနှင့် ဆက်သွယ်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
