ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်မယ့် ရုပ်ရှင် သင်းလုံးကျွတ်ညီလာခံ နဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်ဖွံ့ ဖြိုးတိုးတက်ဖို့၊ ဒီ့ထက်ပိုပြီး ကောင်းမွန်လာဖို့ ရုပ်ရှင်လောကသားအားလုံးက ဆန္ဒရှိကြပါတယ်။ ရုပ်ရှင်သင်းလုံးကျွတ်ညီလာခံ ကျင်းပပြုလုပ်ခြင်းက မြန်မာ့ရုပ်ရှင်လောကအတွက် ကောင်းကျိုးတွေများစွာ ဖြစ်ထွန်းလာစေ မယ်လို့လည်း ယုံကြည်နေကြပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာတိုင် ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့တဲ့ ရုပ်ရှင်သင်းလုံးကျွတ် ညီလာခံနဲ့ပတ်သက်ပြီး ရုပ်ရှင်လောကသားတို့ ဆန္ဒပြု ဖြေဆိုထားတာတွေကို ပေါ်ပြူလာက မေးမြန်းတင်ဆက်လိုက်ပါတယ်။
ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်
ကျွန်တော့်အမြင်နဲ့ ပွင့်ပွင့်လင်း လင်း ပြောရမယ်ဆိုရင် ရုပ်ရှင်အ စည်းအရုံးက နေ့စဉ်နဲ့အမျှ လှုပ်ရှား မှုတွေကို ဖေစ့်ဘုတ်ခ်ကနေ တင်စေ ချင်ပါတယ်။ ဒါမှ ဟိုတလောက အစည်းအဝေး တစ်ခုမှာ ဖြစ်သလိုမျိုး မသိလိုက်လို့တို့၊ အကြောင်းမကြား လို့တို့တွေ တွေ့ရတယ်။ အစည်းအရုံး ရဲ့ လှုပ်ရှားမှုတွေကို Page မှာတင် ပေးရင် စိတ်ဝင်စားတဲ့ သူတွေဝင် ကြည့်ပြီး အကြံပေးလို့ ရတာပေါ့။ စိတ်ဝင်စားတဲ့ လူတွေဝင်ကြည့်ကြမယ်။ ၁၂လပိုင်း ၁၂ရက်နေ့မှာ ပြုလုပ်မယ့် ရုပ်ရှင်ညီလာခံမှာလည်း ဘာတွေ ဘယ်လိုမျိုး လုပ်ကြမလဲဆို တာကို တင်ပေးစေချင်တယ်။ ကျွန် တော်လည်း အကြံပေးနိုင်တာ ရှိရင် အကြံပေးမယ် ပေါ့ဗျာ။ ရုပ်ရှင်ညီ လာခံ လုပ်တယ် ဆိုတာကလည်း အဓိ ကက ကျွန်တော်တို့ ရုပ်ရှင်လောက ကောင်းဖို့ အတွက်ပါပဲ။ ဒါကြောင့် ရုပ်ရှင်လောက သားအားလုံးသိ အောင် ဘယ်လိုအကြောင်းအရာ တွေ ဆွေးနွေးမလဲ ဆိုတာမျိုးကို တင်စေချင်တယ်။ ဒါမှသက်ဆိုင်ရာ အလိုက် ဥပမာ-ဒါရိုက်တာ အလွှာဆို ရင်လည်း အဲဒီမှာ တာဝန်ရှိတဲ့လူကို အခက်အခဲတွေ၊ လိုအပ်ချက်တွေ သွားပြောရင်ကောင်းမယ်။ညီလာခံ ကြီး ရောက်မှ တစ်ယောက်တစ် ပေါက် ထပြောကြရင်လည်းမကောင်း ဘူးလေ။ ဒါမှ သက်ဆိုင်ရာ တာဝန်ရှိ သူကို ကြိုပြောထားရင် ပိုကောင်းပါ တယ်။ဒါက ကျွန်တော့် အမြင်သက် သက်ပါ။ ကျွန်တော်တို့လည်း ပူး ပေါင်းပါဝင်ဖို့ အဆင်သင့်ပါ။
ခန့်စည်သူ
ကောင်းပါတယ်။ ဒါကဖြစ်သင့် ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုပါပဲ။ လက် ရှိဥက္ကဌ ဦးဇင်ဝိုင်း တာဝန်ယူတဲ့ နှစ်မှာ ဒီလိုလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို နောက်မကျစေဘဲ လက်ဦးမှု ယူပြီးတော့ စောစောစီးစီး ဒါမျိုးလုပ်တာဟာ ကောင်းပါ တယ်။ရုပ်ရှင်လောက ပိုပြီးတော့ စိတ်ထဲမှာ မျိုသိပ်ထားစရာ မြုံထား စရာမလိုဘဲ ပွင့်ပွင့်လင်းလင်းနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံမှု ရသွားတာ ပေါ့။ ကောင်းတဲ့ ဘက်ကို အများကြီး မူတည်ပါတယ်။ ဒါက ကျွန်တော် တို့က အပြစ်ရှာတဲ့ဟာ မဟုတ်ပါ ဘူး။ အဖြေရှာကြတာပါ။
ဒါရိုက်တာ သီတာလင်း
ရုပ်ရှင် လောကကြီးမှာ လိုအပ် ချက်တွေကို တစ်ခါတည်း ဒီမှာပွင့် ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ပြီး တော့ ကောင်းမွန်မယ့်၊ တိုးတက်နိုင် မယ့် လမ်းသစ်တစ်ခုကို အားလုံးချ မှတ်နိုင် ဖို့အတွက် ညီလာခံကြီးကို Welcome လုပ်ပါတယ်။ အခုဖြစ် ပေါ်နေတဲ့ ရုပ်ရှင်ဇာတ်ကား အရေအတွက် များပြားမှု၊ ရုပ်ရှင်ရုံအရေ အ တွက်နည်းပါးမှု အားလုံး Balanced ဖြစ်အောင် ဘယ်လို ထိန်းသိမ်းကြ မလဲဆိုတဲ့ အဖြေ ကောင်း တစ်ခု ထွက်လာလိမ့်မယ်။ ရုပ်ရှင်လောက ကြီး တစ်ခုလုံး တိုးတက်လာမယ် လို့ လည်း ယုံကြည်ပါတယ်။
ပတ္တမြားကေခိုင် (စိန်ပန်းရုပ်ရှင် ထုတ်လုပ်ရေး) အဓိကတော့ ညီလာခံ လုပ်တာ ပဲဖြစ်ဖြစ် ဘယ်လိုမျိုးပဲစုစည်းတဲ့ စည်းရုံး မှုတွေပဲလုပ်လုပ် ဒီ Activity လုပ်ပြီးတဲ့နောက်ပိုင်းမှာ Follow up လုပ်မယ့် Program တွေကအဆင် သင့်ရှိနေသင့်တယ်။ ဒီညီလာခံမှာ လာပြောကြတယ်။ ပြောစရာရှိ တာ တော့ ပြောနေကြတာပဲ။ အနောက် ကဆက်လုပ်မယ့် လူမရှိရင် အလုပ် မဖြစ်ဘူး။ ဝိုင်းလုပ်ကြပါ။ လုပ်မှ လည်းလုပ်တဲ့ သူတွေ ရဲ့ အခက်အခဲကို သိမှာ ပါ။ ကိုယ့်ဘာသာ ကိုယ် တစ်နိုင်တစ် ပိုင် လုပ်နေရင် တစ်နိုင် တစ်ပိုင်ပဲ ဖြစ်နေမှာပဲ။ ဇာတ်ကားတွေ ထုတ် ပြီး ရိုက်ကူးနေကြ တယ်။ များများ ပေါက်တဲ့ ဇာတ် ကား များများပိုက် ဆံရမယ်။ နည်းနည်း ပေါက်တဲ့ ဇာတ်ကား နည်းနည်းရမယ်။ မရှုံး တဲ့ကား မရှုံးဘူး။ ရုပ်ရှင် တွေကတော့ အခြေအနေ ကောင်းနေတာ တွေ့နေ ရ တယ်။ ဒါပေမဲ့အစ်မတို့သည် တကယ် နိုင်ငံတကာ အဆင့်ကိုသွား ချင်ပြီလား။ သေချာတယ် ဆိုရင် နိုင်ငံတကာ နဲ့တူအောင်လုပ်ရမယ်။ နောက်မှာ ဆက်လုပ်ရမယ့် Follow ပရိုဂရမ်တွေကို သေသေချာချာ လေးရှိစေချင်ပါတယ်။ အစ်မ အနေနဲ့ လည်း ညီလာခံကို တက်ဖြစ်မှာပါ။
နေမင်း
ဦးဌေးက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကောင်း ပီသတဲ့လူပါ။ လိုအပ်တာတွေကို ဦးဌေး အသည်း အသန် ကြိုးစားနေပါတယ်။ ကျွန် တော်တို့ကလည်း သားနေမင်း ဘာ လုပ်ပါဆိုတာမျိုး ခိုင်းတဲ့အချိန်ကို မျှော်လင့်နေပါတယ်။ ဖြစ်သင့်တာကို လုပ်ဖို့ အတွက်ကို ကျွန်တော်တို့လုပ် နိုင်သလောက်လေးနဲ့ ရှိသလောက် အားလေးနဲ့ ဝိုင်းဝန်းပြီး ပံ့ပိုးပေးရ မှာက ကျွန်တော်တို့ လူငယ်တွေရဲ့ တာဝန်ပဲလို့ ကျွန်တော်ခံ ယူထား တယ်။ အခု ၂၅ရက်နေ့ ဆိုရင် ကျွန် တော်နေပြည်တော်မှာ ကျွန်တော်တို့ ဆောက်လုပ်ရေး ကုမ္ပဏီရဲ့အရောင်း ပြပွဲ နေပြည်တော်မှာ သမ္မတကြီး ကိုယ်တိုင် လုပ်တဲ့ပွဲရှိတယ်။ အဲဒါကို ၂၄၊ ၂၅၊ ၂၆ ရက် ကျွန်တော်သွား ရမယ်။ ဒါပေမဲ့ ၂၅ရက်နေ့ကျရင် ရုပ်ရှင်အစည်းအရုံးမှာ အစည်း အ ဝေးရှိတယ်။ ဦးဌေးက ပြန်လာပါလို့ ဖုန်းဆက်တော့ နေ့ခင်းဘက်နေပြီး ညကျရင်ပြန်လာရမယ်။ ကျွန်တော် က ဘယ်တော့မှ ရုပ်ရှင် အစည်းအရုံး နဲ့ ပတ်သက်ရင် အဲဒီလို အရေးတယူ မလုပ်ခဲ့ဖူးဘူး။ အခုတော့ လုပ်ချင် စိတ်လေးလည်းပါလာတယ်။ အသက် အရွယ်အရပဲလား။ ဦးဌေးရဲ့ ဦး ဆောင်မှုကြောင့်ပဲလား မသိဘူး။ ငါ တို့ရုပ်ရှင်လောက အတွက် ငါတို့ လူကြီးဖြစ်လာတဲ့ မင်းသားတွေ ဝိုင်း ဝန်းပြီး လုပ်ရမယ် ဆိုတဲ့အသိ ငါတို့ ဘာတွေ ပံ့ပိုးပေးရမ လဲဆိုတဲ့အသိ တွေ တွေးတက်လာတယ်၊ မြင်တတ် လာတယ်။ လုပ်ပေးနိုင်သလောက် လုပ်ပေးဖို့လည်း အမြဲတမ်းစဉ်းစားပါ တယ်။ မျှော်လင့်တာပေါ့။ ကျွန်တော် တို့ အနာဂတ် plan တစ်ခုကို သိ ရမယ်။ ဟိုတစ်ရက်က ဦးသူရရေး ထားတဲ့ စာလေးလိုပေါ့။ ကျွန်တော် တို့ မသိသေးတာတွေ အများကြီး ရှိ သေးတယ်။ နိုင်ငံတကာက ရင်းနှီး မြှုပ်နှံမှုတွေ အများကြီး ဝင်လာ မယ်။ မင်းတို့ မြန်မာနိုင်ငံမှာ ရိုက်လို့ မရတဲ့နေရာတွေ အများကြီးပဲ။ မြန်မာတွေက ဘာဖြစ်တယ်။ မြန် မာ့ရုပ်ရှင်လောက ဘာဖြစ်တယ် ဆို တဲ့ ဟာတွေ အပြင်က ပြောတာတွေ ကြားနေတယ်။ ကျွန်တော်တို့ကိုယ် တိုင် ဘာမှတိတိပပမသိဘူး။ တစ် အချက်ကတော့ အဲဒီညီလာခံ ပြီး သွားရင် ကျွန်တော်တို့က လူတွေကို ပြန်ပြီး ရှင်းပြနိုင်တဲ့ အသိတရား တွေရလာမယ်။ နှစ် အချက်ကတော့ အဲဒီ အသိတရား ကနေမှ ငါတို့ဘယ် လို ထပ်ပြီး ကြိုးစားမလဲဆိုတဲ့ အမြင် ရမယ်။ သုံးကတော့ နောက်ကတက် လာမယ့်ကလေးတွေကို မင်းတို့ ဘယ် လို လုပ်သင့်တယ်ဆိုတဲ့ အကြံဥာဏ် တွေပေးလို့ရမယ်။ ကျန်တာကတော့ ကျွန်တော်တို့ရဲ့အားစိုက်မှု၊ ကျွန်တော် တို့ရဲ့ ကြိုးစားမှု နိုင်ငံတော် ရဲ့ပံ့ပိုးမှု တွေပေါ်မူတည်ပြီးတော့ ကျွန်တော် တို့ရဲ့ ရုပ်ရှင်လောက ဖြစ်တည်မှုတစ် ခုပြန် တည်ဆောက်ရမှာပေါ့။