Monday, September 14, 2026

ယူကရိန်း ရှေ့နေချုပ် ကရပ်ဗ်ချန်ကို နိုင်ငံက...

​ယူကရိန်း ရှေ့နေချုပ် ရူစလန် ကရပ်ဗ်ချန်ကို (Ruslan Kravchenko) ဟာ နိုင်ငံထဲကနေ ထွက်ခွာသွားပြီလို့ ယူကရိန်း ကာကွယ်ရေးအရာရှိဟောင်းရဲ့ အကြံပေး ဆာဂေး...

ဖိလစ်ပိုင်တောင်ပိုင်း ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှု...

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားသည့် အခြေအနေအောက်တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မွတ်စလင်အများစုနေထိုင်ရာ ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (BARMM) တွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှုများ စတင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲမတိုင်မီညက...

ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့ နယ်တို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊...

ဥရောပ ဓာတ်ငွေ့စျေး ၂၀၂၂ ဒီဇင်ဘာနောက်ပိုင်း...

​လန်ဒန် ICE စျေးကွက် ကုန်သွယ်မှု အချက်အလက်တွေအရ တနင်္လာနေ့ စျေးကွက်မှာ ဥရောပ ဓာတ်ငွေ့စျေးဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ...
HomeNewsLocal Newsသက်တမ်းကြာ အားကစားကွင်းနှင့် အားကစားရုံများ...

သက်တမ်းကြာ အားကစားကွင်းနှင့် အားကစားရုံများ အဆင့်မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

မန္တလေး၊ စက်တင်ဘာ ၁၃

သက်တမ်းကြာမြင့်နေသည့် အားကစားကွင်းနှင့် အားကစားရုံများကို အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်း အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် အားကစားကွင်းနှင့် အားကစားရုံများကို ကွင်းဆင်းစစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အားကစားကွင်းနှင့် အားကစားရုံများ အဆင့်မီအရည်အသွေးကောင်းမွန်မှသာ မျိုးဆက်သစ်အားကစားသမားများကို ရှာဖွေဖော်ထုတ်၍ စနစ်တကျ လေ့ကျင့်ပေးနိုင်မည်ဖြစ်ပြီး မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အားကစားကွင်းနှင့် အားကစားရုံများ ရေရှည်တည်တံ့ရေး၊ သန့်ရှင်းသာယာရေးနှင့် ပြည်သူများ လာရောက်လေ့ကျင့်အသုံးပြုနိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

ယင်းနောက် ရွှေမန်းတောင်အားကစားကွင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး မိုးဒ-ဏ်၊ လေဒ-ဏ်နှင့် သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိကာ ရေရှည်တည်တံ့စေရန် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်း ရှေ့နေချုပ် ကရပ်ဗ်ချန်ကို နိုင်ငံက ထွက်ပြေး

​ယူကရိန်း ရှေ့နေချုပ် ရူစလန် ကရပ်ဗ်ချန်ကို (Ruslan Kravchenko) ဟာ နိုင်ငံထဲကနေ ထွက်ခွာသွားပြီလို့ ယူကရိန်း ကာကွယ်ရေးအရာရှိဟောင်းရဲ့ အကြံပေး ဆာဂေး စတာနန်ကို (Sergey Sternenko) က ပြောပါတယ်။ ​"တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဆီက ရတဲ့ သတင်းအရ ရှေ့နေချုပ် ကရပ်ဗ်ချန်ကိုဟာ မနေ့ညက ယူကရိန်းကနေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်" လို့ စတာနန်ကိုက သူရဲ့ Telegram ချန်နယ်မှာ ရေးထားပါတယ်။ ​အဲ့ဒီမတိုင်ခင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီတွေကို နှိမ်နင်းမှုတွေ ခပ်စိပ်စိပ်လုပ်လာချိန်မှာ ကရပ်ဗ်ချန်ကိုဟာ ရာထူးကနေ...

ဖိလစ်ပိုင်တောင်ပိုင်း ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှု စတင်

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားသည့် အခြေအနေအောက်တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မွတ်စလင်အများစုနေထိုင်ရာ ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (BARMM) တွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှုများ စတင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲမတိုင်မီညက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူ ၃ ဦး ‌ေ-သဆုံးပြီး ၁၅ ဦး ဒ-ဏ်ရာရရှိခဲ့သော်လည်း မဲပေးမှုများကို သတ်မှတ်အတိုင်း စတင်နိုင်ခဲ့ကြောင်း သိရသည်။ ယခုရွေးကောက်ပွဲသည် ခွဲထွက်ရေးပဋိပက္ခများနှင့် အစွန်းရောက်ဝါဒများကြောင့် အတိတ်ကာလတွင် ပြင်းထန်စွာ ထိခိုက်ခဲ့သည့် ဒေသအတွင်း ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအတွက် အရေးပါသော စမ်းသပ်ချက်တစ်ရပ်အဖြစ် သတ်မှတ်ခံထားရသည်။ ဒေသတွင်းပဋိပက္ခများသည် ၂၀၁၇...

ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့ နယ်တို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သစ်ပင်လဲကျကာ ကား(၁)စီးပေါ်သို့ပိမိပြီး လမ်းပိတ်ဆို့နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ဈေးကြီးလမ်းတွင်သစ်ပင်လဲကျ၍ ကား(၁)စီးပေါ်ပိမိပြီးလမ်း ပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071