Tuesday, February 3, 2026

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ်...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၌...

ကြို့ပင်ကောက်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိသစ်ပင်ကိုဝင်တို-က် (၂)...

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကိုဝင်တို-က်မိခဲ့မှု ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့တွေ့ဆုံ

အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုများကိုတန်ပြန်ခြင်းအားဆွေးနွေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဦး တင်အောင်စန်းနှင့် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူတို့ ဖေဖော်ဝါရီ ၂ ရက်က...

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည်...
HomeCelebrities' Newsသက်ကြီးရွယ်အိုတွေအတွက် ...

သက်ကြီးရွယ်အိုတွေအတွက် ပရဟိတပိုင်းကို ဆက်လုပ်သွားမယ့် မော်ဒယ် အိနုဝေ

အလှမယ်တစ်ဦးအဖြစ် အနုပညာလောကထဲဝင်ရောက်လာခဲ့တဲ့ အိနုဝေ ကတော့ လက်ရှိမှာ မော်ဒယ်တစ်ဦးအဖြစ် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ စီပွားရေးကြော်ငြာ တွေ ရိုက်ကူးဖြစ်နေပြီးModel Show တွေလည်း လျှောက်ဖြစ်နေပါတယ်။ အလှမယ်တစ်ဦးလည်း ဖြစ်တဲ့သူမကို နောက်ထပ် Miss ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ဦးမှာလားလို့ မေးမြန်းတော့ …

“အစတော့ ညီမကMiss Universe Myanmar ဝင်ရောက် ယှဉ်ပြိုင်ဖို့ စဉ်းစားထားပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ မပြိုင်ဖြစ် တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညီမအနေနဲ့ ဒီနှစ်တစ်နှစ် လုံး လိုအပ်တာတွေ အကုန်လုံး ပြင်ဆင်သွားမှာပါ။ တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့အတွက် စကားပြောတာတွေ ပြင်ဆင်ရ မယ်။ English Speaking ပိုင်းတွေလည်း ပြင်ဆင်ရမယ်။ ပြီးတော့ Body ပိုင်း နဲ့ပတ်သက်ပြီးလည်း ပြင်သေချာပြင် ဆင်မယ်။ ဒီနှစ်တစ်နှစ်လုံးလိုအပ်တာတွေ အကုန်ပြင်ဆင်သွားမှာပါ။ နောက်နှစ်မှပဲ ဝင်ရောက်ယှဉ် ပြိုင်ဖြစ်မှာပါ” လို့ အိနုဝေက ပြောပြခဲ့ပါတယ်။ သူမကတော့ Miss Myanmar world 2017 ပြိုင်ပွဲကြီးမှာ ပရိသတ်ပေးတဲ့ Popular ဆုနဲ့ 2nd Runner up ကစ ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

အလှမယ် တစ်ယောက်အနေနဲ့မဟုတ်ရင်တောင် မော်ဒယ်တစ်ဦးအနေနဲ့ ပရဟိတပိုင်းဆက်ပြီးလုပ်ကိုင် သွားမယ်လို့ပြောလာတဲ့ မော်ဒယ်အိနုဝေက …

“Miss တစ်ယောက်အနေနဲ့ ပရဟိတပိုင်းနဲ့ပတ်သက်ပြီး ဘိုဘွားရိပ်သာတွေမှာ မကြာခဏသွားရောက်လှူဒါန်းဖြစ်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း ညီမ Miss တစ်ယောက်အနေနဲ့ မဟုတ်ရင်တောင် မော်ဒယ်တစ်ယောက်အနေနဲ့ သက်ကြီးရွယ်အိုးတွေအတွက် ပရဟိတပိုင်းကို ဆက်သွား လုပ်သွားဖို့ရှိပါတယ်။ အခုလည်းအားလပ်တဲ့ အချိန်တွေဆိုရင် ဘိုးဘွားရိပ်သာတွေ သွားရောက်ပြီး လှူဒါန်းဖြစ်ပါတယ်။ နောက်ပိုင်းလည်း အချိန်ရရင်ရသလောက် ပရဟိတပိုင်းကို ဆက်ပြီးလုပ်ဆောင်သွား မှာပါ။ ပရဟိတလုပ်ရတာတော့ ပျော်ပါတယ်။ အချို့ ဘိုးဘွားတွေကြည့်လို့ရှိရင် ခံစားရတယ်။ အသက်ကြီး ပြီး သားသမီးတွေက ဂရုမစိုက်တာတို့ သားသမီးမရှိတာတို့ဆိုရင် အဲဒီနေရာမှာ ကိုယ်အဘွားဆိုရင် ဆိုပြီး ခံစားမိပါတယ်။ အဲဒါကြောင့် တစ်ခါ တလေ ပရဟိတလုပ်ရတာ ဝမ်းလည်းဝမ်းနည်းတယ်။ ဒါပေမဲ့ ကိုယ်လုပ် ပေးနိုင်သလောက် လုပ်ပေးလိုက်ရလို့ ပျော်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071