Monday, June 23, 2025

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...
HomeCelebrities' Newsသက်မွန်မြင့် ပရိသတ်တွေဆီက အကြောက်ဆုံးက...

သက်မွန်မြင့် ပရိသတ်တွေဆီက အကြောက်ဆုံးက ဘာစကားဖြစ်မလဲ

ပရိသတ်တွေရဲ့ မေတ္တာနဲ့ ချစ် ခြင်းကို အမြဲရယူပိုင်ဆိုင်ထားတဲ့ ကလေး ၂ယောက် မိခင်သရုပ်ဆောင်သက်မွန်မြင့်က ဟိုးအရင်ကတည်းကနေ အခုချိန် ထိ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူ ဖြစ်ပါ တယ်။ အခုချိန်မှာ ကလေး ၂ ယောက်မိခင်ဖြစ်နေပေမယ့်လည်း အနုပညာ ပေါ်ထားရှိတဲ့ သူ့ရဲ့စိတ်က………….

အရင်လိုပဲ ဘာမှ မပြောင်းလဲသလို သရုပ် ဆောင်ရ တဲ့ ကာရိုက်တာတွေအပေါ်မှာ စိတ်နှစ်ပြီး အကောင်းဆုံးဖြစ်အောင် သရုပ် ဆောင်တယ်လို့ ဆိုပါတယ်။သက်မွန်မြင့်က ပရိသတ်တွေကနေသူ့ဇာတ် ကား ကိုကြည့်တဲ့အခါမှာ အိုက်တင်မကောင်းတော့ဘူးလို့ အပြောခံရမှာ ကြောက် တယ်ဆိုတာကြောင့် သူမအနေနဲ့ အရင်နဲ့ အခု ဘာတွေကွာခြားသွား လည်းဆို တာသက်မွန်မြင့်မှ အခုလိုပြောပြပါတယ်။ပရိသတ်တွေရဲ့ မေတ္တာနဲ့ ချစ် ခြင်းကို အမြဲရယူပိုင်ဆိုင်ထားတဲ့ ကလေး ၂ယောက်မိခင်သရုပ်ဆောင်သက်မွန်မြင့်က ဟိုးအရင်ကတည်းကနေ အခုချိန် ထိ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူ ဖြစ်ပါ တယ်။

အခုချိန်မှာ ကလေး ၂ ယောက်မိခင်ဖြစ်နေပေမယ့်လည်း အနုပညာ ပေါ်ထားရှိတဲ့ သူ့ရဲ့စိတ်ကအရင်လိုပဲ ဘာမှ မပြောင်းလဲသလို သရုပ် ဆောင်ရ တဲ့ ကာရိုက်တာတွေအပေါ်မှာ စိတ်နှစ်ပြီး အကောင်းဆုံးဖြစ်အောင် သရုပ် ဆောင်တယ်လို့ ဆိုပါတယ်။သက်မွန်မြင့်က ပရိသတ်တွေကနေသူ့ဇာတ် ကား ကိုကြည့်တဲ့အခါမှာ အိုက်တင်မကောင်းတော့ဘူးလို့ အပြောခံရမှာ ကြောက် တယ်ဆိုတာကြောင့် သူမအနေနဲ့ အရင်နဲ့ အခု ဘာတွေကွာခြားသွား လည်းဆို တာသက်မွန်မြင့်မှ အခုလိုပြောပြပါတယ်။ “ကွာတော့ မကွာပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်က အလုပ်တစ်ခု ကို အတက်နိုင်ဆုံး အကောင်းဆုံးဆိုတာပဲ ဖြစ်ချင်တယ်။နောက်ပြီးတော့  ကိုယ့်ပရိသတ်တွေက ကိုယ့်ဇာတ်ကားကြည့်တဲ့ အခါကျရင် သက်မွန်အိုက်တင် မကောင်းတော့ဘူး ဆိုတာ မျိုး အပြောခံရမှာ အကြောက်ဆုံးပဲ။ လှတာ မလှတာ ပြောတာတွေ သက်မွန်  စိတ်မဝင်စားဘူး။

ဒါပေမဲ့ သရုပ်ဆောင် တစ်ယောက်လို့ ကိုယ့် ကိုယ်ကိုယ်ခံ ယူထားတဲ့အတွက် ဒီကာရိုက်တာမှာ သက်မွန်သရုပ် ဆောင်တာ မပီပြင်ဘူး။ ဒီကာရိုက်တာမပေါ်ဘူးဆိုတာ မျိုးပြောမှာတအားကြောက်တယ်။ စအလုပ် လုပ်ကတည်းက ခုချိန်ထိကြောက် တယ်ဆို တော့ ဘာပဲဖြစ်ဖြစ်ဒီကာရိုက်တာ အတွက်ကို အတတ်နိုင်ဆုံးပီပြင်အောင်ကြိုးစား ချင် တယ်ဆိုတော့ မိခင်ဖြစ်သွားတာနဲ့တော့ မဆိုင်ပါဘူး။ တစ်ခုပဲ အချိန်ပေးရတာ ပိုပြီးတော့အချိန်နည်းနည်းလေး ယူရတာရယ်။ ပြင်ရဆင်ရတာ နည်းနည်းအချိန်လုရတာ ရှိ တယ်။ အရင်တုန်း ကဆိုရင် ရှု တင်ပြီးတာနဲ့လိုတဲ့ပစ္စည်း အဝတ်အစားတွေ ဝယ်ဖို့ အပြင်တခါထပ်ထွက် မိုး ချုပ်မှ ပြန်အခုတော့ အဲဒီ လိုမျိုး လုပ်လို့မရ ဘူး ပေါ့ နော်။ တစ်နေကုန် ထွက်ထား ပြီးပြီဆိုတော့ ညပြန်၊ နောက် နေ့မှ တစ်ခါ ရှုတင် အတွက် ဘယ်လို လုပ်ရမလဲဆိုတာ မျိုးလေး တွေစီစဉ်ရတာပေါ့။ နည်းနည်းတော့ ခက်ခဲတာ ပေါ့။ အဲဒါပါပဲ။ ကျန်တဲ့ စိတ်ကတော့ မပြောင်းလဲ ပါဘူး” လို့ သက်မွန်မြင့်က ပြောပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071