Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsသက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အပြင်းထန်ဆုံး...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးဖို့ အနုပညာရှင်တို့ တိုက်တွန်းစကားသံများ

အခုတလော မြန်မာပြည်တွင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို လိင်အကြမ်းဖက် သတ်ဖြတ်ကြတဲ သက်ငယ်မုဒိမ်း ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားကာ တရားဥပဒေအကာအကွယ်မဲ့နေပြီး မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှ ကလေးငယ်များရော အမျိုးသမီးငယ်များပါ ဘဝလုံခြုံမှု ကင်းမဲ့နေကြပါတယ်။ဒါ့အပြင် သက်ငယ်မုဒိမ်းဖြစ်စဉ်များဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာနေပြီး ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်ကြတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် လူမျိုးဂုဏ်ပျက်စေကာ ကမ္ဘာ့လူ့ဘောင် အသိုင်းအဝိုင်းမှာ အရှက်ရ မျက်နှာပျက်စရာ အရိုးဆိုး အကျည်းတန်လှတဲ့ ရာဇဝတ်မှုကြီး ဖြစ်လို့နေပါပြီ။ မြန်မာပြည်တွင်းက ပြည်သူလူထုတို့ကလည်း သက်ငယ်မုဒိမ်း ကျူးလွန်သူများကို သေဒဏ်ပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုနေကြတာမို့ သက်ငယ်မုဒိမ်းကျူးလွန်တဲ့ ရာဇဝတ်ကောင်များအပေါ် ပြည်သူ့တရားစီရင်ရေးနဲ့ တရားဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်ကာ သေဒဏ်ပေးကွပ်မျက်ပြီး ပြင်းပြင်းထန်ထန် အရေးယူ ရှင်းလင်းဖယ်ရှားစေလိုတဲ့ အနုပညာရှင်တို့ရဲ့ တိုက်တွန်းစကားသံများကို စုစည်းဖော်ပြလိုက်ပါတယ်။

 

ကောင်းခန်

ဒီကိစ္စမျိုး ကျူးလွန်သူတွေကိုတော့ ရှုတ်ချပါတယ်။ ဒါက မဖြစ်သင့်တဲ့ကိစ္စ ကြီးပါ။ ဒါမျိုးကိုတော့ ကျွန်တော် ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ဒီကိစ္စ တွေကို ကြားရမြင်ရတဲ့အခါ ဘေးကမြင်ရတဲ့ ကျွန်တော်တို့တွေ ကျွန်တော့်မှာ လည်း သမီးလေးရှိတယ်လေ။ ကျွန်တော့်သမီးလေးဆိုရင်တောင်လို့ တွေးမိရင် ဆက်တောင်မတွေးရဲတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျူးလွန်ခံရတဲ့သူ အသက် ရှင်ကျန်ခဲ့ဦးမယ်ဆိုရင် သူ့ဘဝရဲ့ရှေ့ရေး သူ့အနာဂတ် သူ့မိသားစုအသိုင်း အဝိုင်း ဒါတွေ အများကြီးရှိသေးတယ်လေ။ ဒီအတွက်တော့ ပြင်းပြင်းထန်ထန် တော့ အရေးယူစေချင်တယ်။ အမြင့်ဆုံးပြစ်ဒဏ်သေဒဏ်ဆိုရင်တောင် အဲဒီ့ ထက် ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးကိုပေးသင့်ပါတယ်။ အရင်ကာလတစ်ခုကတော့ သေဒဏ် ဆိုလို့ရှိရင် အနှစ် ၂ဝ သွားတာကိုး။ အခုမြန်မာနိုင်ငံမှာက သမ္မတ စနစ်ဆိုတော့ သေဒဏ်သည် အကြုံးဝင်လာမှာပဲ။ သေဒဏ်က အသက်ပြန်ဝင် လာမှာပဲ။ သေဒဏ်အသက်ပြန်ဝင်လာလို့ရှိရင် ကျွန်တော်တို့ ကြိုးမိန့်တို့ ဘာတို့လာမှာပေါ့နော်။ ကျွန်တော်တို့နီးစပ်တဲ့နိုင်ငံတွေမှာ ဥပမာ အိန္ဒိယ နိုင်ငံတို့၊ အင်ဒိုနီးရှားနိုင်ငံတို့မှာလည်း ဒီလိုဖြစ်စဉ်မျိုးတွေရှိတယ်။ သူတို့က လူထုရှေ့မှာ အပြစ်ပေးခွင့်ပေးလိုက်တယ်။ လူတွေရှေ့မှာ ရိုက်နှက်သတ်ဖြတ် လိုက်တာမျိုးတွေရှိတယ်။ မြန်မာနိုင်ငံမှာက အခုသေဒဏ်က အကြုံးဝင်ပြီ၊ အသက်ပြန်ဝင်ပြီဆိုရင်တော့ ကြိုးမိန့်ပေးမလား။ ဒါမှမဟုတ် ဒီလိုပြင်မှုမျိုးကို ကျူးလွန်တဲ့သူကို စံပြအနေနဲ့ လူထုရှေ့မှာပဲ သေဒဏ်ပေးမလား။ နောင်လုပ် မယ့်သူတွေက ဒီထက်မြင့်တဲ့ ပြစ်ဒဏ်မျိုးတွေကို ခံရမယ်ဆိုတာမျိုးတွေကို အစိုးရအနေနဲ့ လုပ်စေချင်တယ်။ ပြည်သူတွေသိစေချင်တယ်။

*************

ဆုမြတ်နိုးဦး

ဒါကိုတော့ လုံးဝရှုတ်ချတယ်။တကယ်ကို မဖြစ်သင့်တဲ့ကိစ္စပါ။နေ့တိုင်း မြင်နေကြားသိနေရတာက  အသက် ၃ဝ ကျော် ၅ဝ ကျော်တွေက ကျူးလွန်တာ တွေ ပိုများတယ်ပေါ့နော်။ ဒီအသက်အရွယ်လောက်တွေက ဘာလို့မထိန်းနိုင်ကြ သလဲဆိုတာ တကယ်ကို အံ့သြတယ်။ သူတို့ရဲ့ ဒီစိတ်ကြီးကို ကလေးတွေနဲ့ ဘာလို့ ဖြေဖျောက်နေကြတာလဲ။ ဖြစ်နိုင်ရင်လေ သူတို့ရဲ့ အင်္ဂါကို ဖြတ်ပစ်စေ ချင်တယ်။ အဲဒါကြောင့် ဖြစ်စေချင်တာကလေ လူရှေ့သူရှေ့မှာ ထိထိ ရောက် ရောက် အရေးယူတာပဲဖြစ်ဖြစ်၊ အပြစ်ပေးတာပဲဖြစ်ဖြစ် လုပ်စေချင်တယ်။ဖြစ်နိုင်ရင်တော့ ညီမတို့ကတော့ သေဒဏ်ပဲပေးစေချင်တယ်။ ဒါက မိန်း ကလေးတစ်ယောက်ရဲ့ ဘဝလုံခြုံဖို့လေ။ တချို့ကျတော့ သက်သက်ကြီးကို ကျူးလွန်ဖို့ စောင့်နေကြသလိုဖြစ်နေတယ်။ အဲဒီလိုအခါကျတော့ တအား အန္တရာယ်များတယ်လေ။ အဲဒါကြောင့် ရှေ့မှာ ၃ ၊ ၄ ယောက် လောက်ကို ထိထိရောက်ရောက် အရေးယူပေးထားရင် နောက်လူတွေက လုပ်ရဲကြတော့မှာ မဟုတ်တော့ဘူးပေါ့နော်။ တချို့ကျတော့လည်း ပြောကြတယ်။ မိန်းကလေးတွေ က အနေအထိုင်မတတ်လို့ ဒီလိုဖြစ်တာ၊ အဝတ်အစားကို လုံလုံခြုံခြုံမဝတ်လို့ ဆိုပြီး ပြောကြတယ်။ ဒါကတော့ မဆိုင်ပါဘူး။ဒါပေမဲ့ သူများနိုင်ငံတွေမှာ လည်း ဒီလိုဝတ်စားဆင်ယင်နေကြပါပဲ။ ဒီလိုမဖြစ်ကြပါဘူး။ အဲဒါကြောင့် မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကိုပဲ အပြစ်ပုံချမနေဘဲ ကလေးတွေ အတွက် တကယ်ကို ထိရောက်တဲ့ ပြစ်ဒဏ်မျိုးပေးသင့်ပါတယ်။

*************

လမင်းကဗျာ

ဒါကြီးက လုံးဝကို မဖြစ်သင့်ဘူး။ လုံးဝကို ရှုတ်ချပါတယ်။ သေဒဏ်ကို ပေးစေချင်တယ်။ အခုလိုပြစ်ဒဏ်ကို ကြီးကြီးလေးလေးပေးရင်တော့ နောက် ဒီလိုမျိုး ဖြစ်မလာတော့ဘူးလို့ ထင်တယ်။ အဓိကဖြစ်နေတာတွေက နယ်ဘက် တွေမှာ ဖြစ်နေကြတာ၊ ဗဟုသုတ နည်းပါးတဲ့ နေရာတွေမှာ ဖြစ်နေတာဆိုတော့ အဲဒီလို နေရာလေးတွေမှာ ပညာပေးလေးတွေ လုပ်စေချင်ပါတယ်။ ကလေး တွေကိုလည်း မိဘနဲ့ ရင်အုပ်မကွာ ထားစေချင်ပါတယ်။ သမီးမိန်းကလေးတွေဆို မိဘနဲ့ ရင်အုပ်မကွာ စောင့်ရှောက်ရှိစေချင်ပါတယ်။ အဓိကကတော့ ဒီပြစ်မှု မျိုးကို ကြီးမားတဲ့ ပြစ်ဒဏ်ချမှတ်ပေးစေချင်ပါတယ်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071