Friday, May 15, 2026

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ...

မဟာဗောဓိတစ်ထောင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင်ရှိ ဗောဓိပင်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ၁၃၂၂ ခုနှစ်၊ ၁၉၆၀ ခုနှစ်တွင်...

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၅ နိုင်ငံခရီးစဉ်...

နယူးဒေလီ၊ မေ ၁၅ ရက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ နယ်သာလန်၊ ဆွီဒင်၊ နော်ဝေနှင့် အီတလီနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်ကို...

တရုတ်နိုင်ငံတော်ညစာစားပွဲ၌ တင်မ်ကွတ်နှင့် အီလွန်မတ်စ်တို့ အလယ်တွင်...

ကုန်ထုတ်လုပ်မှုလုပ်ငန်းစုကြီးဖြစ်သော Lens Technology ကို ဦးဆောင်နေသည့် ကျိုးကွမ်ဖေးသည် ကြာသပတေးနေ့ညက တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် တည်ခင်းဧည့်ခံသည့် နိုင်ငံတော်ညစာစားပွဲတွင်...
HomeNewsLocal Newsဝါးခယ်မမြို့နယ်တွင် တောင်သူများအား စိုက်ဘဏ်ချေးငွေ၊...

ဝါးခယ်မမြို့နယ်တွင် တောင်သူများအား စိုက်ဘဏ်ချေးငွေ၊ သွင်းအားစုနှင့် စက်သုံးဆီရရှိရေး ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်းကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲအခမ်းအနားကို မေ ၁၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စိုက်ဘဏ်ချေးငွေများ ထုတ်ချေးပေးနေမှု၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများ အချိန်မီရရှိစေရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် သဘာဝမြေဩဇာများကို ကိုယ်တိုင်ထုတ်လုပ်အသုံးပြုကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ကြရန် တောင်သူများအား တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများထံ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ မျိုးစေ့များ ကြဲပက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ကိုးနှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သကဲ့သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ထရမ့်ပ်၏ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ လာမည့်သုံးနှစ်နှင့် ထိုထက်ကျော်လွန်သော ကာလများအထိ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးနိုင်ရန်၊...

မဟာဗောဓိတစ်ထောင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင်ရှိ ဗောဓိပင်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ၁၃၂၂ ခုနှစ်၊ ၁၉၆၀ ခုနှစ်တွင် ဒီပါအေးဗောဓိကွင်းကို စတင်စိုက်ပျိုးခဲ့ရာ ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခဲ့ကြသည်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း (၆၀)ကျော်ပြီဖြစ်ကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင် နာယကဆရာတော်များ၊ ဝန်ဆောင်ဆရာတော်များ၊ သံဃာတော်များနှင့် ဒါယကာ ဒါယိကာမများသည် ဗောဓိပင်များကို စဥ်ဆက်မပြတ်စိုက်ပျိုးပူဇော်လျက်ရှိကြရာ ပြီးခဲ့သည့် ကဆုန်လပြည့်နေ့ကလည်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဗောဓိပင် (၅၅) ပင် စိုက်ပျိုးပူဇော်ခဲ့ကြကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့်ရွှေဆေးသင်္ကန်းကပ်လှူရန်အတွက်...

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၅ နိုင်ငံခရီးစဉ် စတင်

နယူးဒေလီ၊ မေ ၁၅ ရက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ နယ်သာလန်၊ ဆွီဒင်၊ နော်ဝေနှင့် အီတလီနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်ကို သောကြာနေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။ မီဒီယာများ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ်၏ အဆိုပါခရီးစဉ်သည် ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ဆန်းသစ်တီထွင်မှုနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု တို့အပါအဝင် ကဏ္ဍပေါင်းစုံတွင် အိန္ဒိယ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ခြင်းဖြစ်သကဲ့သို့ ဥရောပနှင့် ပင်လယ်ကွေ့ဒေသတို့တွင် နူးဒေလီ၏ တိုးချဲ့ထိတွေ့ဆက်ဆံမှုများကို ပိုမိုခိုင်မာစေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။ ယခုခရီးစဉ်သည် မိုဒီအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071