Wednesday, July 15, 2026

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင်...

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရ ထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့မှုကြောင့် လာမည့် ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ...

ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်အ ထက်ကျော်လွန်ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်နေ

စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ ၏စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ယနေ့ နေ့လည် ၁ နာရီတွင်တိုင်းထွာရရှိချက်အရ ချင်း တွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်...

ဒု-သမ္မတဒေါ်နန်းနီနီအေး အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန်...

ဒု-သမ္မတဒေါ်နန်းနီနီအေးသည် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(တိဘက်)၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန် ယနေ့ ဇူ လိုင် ၁၅ ရက်မွန်းလွဲပိုင်းက တရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ဖိုရမ်ကို တရုတ်နိုင်ငံ၊...

ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား...

ဖလမ်း၊ ဇူလိုင်-၁၅ ချင်းပြည်နယ်၊ ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၆...
HomeMoviesဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ...

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

ဝါစိုက်ပျိုးဧကတိုးမြှင့်ရေး၊ မျိုးကောင်းမျိုးသန့်ရွေး ချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်းပန်းတိုင်ရရှိရေးနှင့် ပြည်ပတင်ပို့မှုပမာဏမြင့်မားလာစေရေးရည်ရွယ်၍ “ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက်” စိုက်ပျိုးစရိတ်ချေးငွေ ဝါစိုက်ဧကတစ်ဧကလျှင်(၃)သိန်းကျပ်နှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

ချေးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ‌ငွေ(တိုင်းအစိုး ရ)မှတစ်ဆင့်ထုတ်ချေးပေးမည်ဖြစ်၍ ထုတ်ချေးမည့် အစီအစဉ်အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့များမှ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း အစီအစဥ်သည် ဇူလိုင် ၁၁ ရက်က မကွေးမြို့၌ ကျင်းပခဲ့သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့”ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲရလဒ်အရစီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည်

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရ ထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့မှုကြောင့် လာမည့် ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ မိုးကောင်း-မိုးညှင်းဘူတာကြား (၅၂ ဒဿမ ၂၅)မိုင်အတွင်းရှိ သံလမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းခြင်းနှင့် သံလမ်းကူးတံတားများပြုပြင်တည်ဆောက်ခြင်း၊ ဘူတာများပြင်ဆင်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပင်းဘောဘူတာမှ နန်းခွင်ဘူတာအထိ သံလမ်းတစ်လျှောက်ရှင်းလင်းခြင်း၊ သံလမ်းပြုပြင်ခြင်း၊ နန်းခွင်ဘူတာအကျော် နန်းခွင်ချောင်းပေါ်တွင်တည် ဆောက်ထားသော ရထားလမ်းမိုင်တိုင် ၆၅၆/၁၆ နှင့် ၆၅၆/၁၈ ရှိ တံတားအမှတ်(၆၃၀)အား တံတားရေလည်တိုင်များပျက်စီးမှုကိုပြန်လည်ပြုပြင်တည်ဆောက်ခြင်း ၊ တံတားကမ်းကပ်ခုံရေတိုက်စားမှုကိုပြုပြင်တည်...

ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်အ ထက်ကျော်လွန်ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်နေ

စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ ၏စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ယနေ့ နေ့လည် ၁ နာရီတွင်တိုင်းထွာရရှိချက်အရ ချင်း တွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ် (၁,၃၂၅)စင်တီမီတာအထက် (၁,၃၅၀)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေ၍ အနိမ့်ပိုင်းများဖြစ်သော မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအ တွက် သတိပြုနေထိုင်ကြရန်နှင့် အရေးပေါ်အကူအညီများလိုအပ်ပါက အကူအညီများပေးနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒု-သမ္မတဒေါ်နန်းနီနီအေး အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန် တရုတ်နိုင် ငံသို့ထွက်ခွာ

ဒု-သမ္မတဒေါ်နန်းနီနီအေးသည် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(တိဘက်)၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန် ယနေ့ ဇူ လိုင် ၁၅ ရက်မွန်းလွဲပိုင်းက တရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ဖိုရမ်ကို တရုတ်နိုင်ငံ၊ လင်ကျစ်မြို့၌ ပဉ္စမအကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကာ ဟိမဝန္တာတောင် တန်းဒေသတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဒေသတွင်းနှင့် အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် ရည် ရွယ်၍ ဇူလိုင် ၁၆ ရက်မှ ဇူလိုင် ၁၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဒု-သမ္မတဒေါ်နန်းနီနီအေး ဦးဆောင်သည့်အဖွဲ့အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071