Wednesday, July 15, 2026

ကျိုင်းတုံပြည်သူ့ဆေးရုံမှကျန်းမာရေးအဖွဲ့က အထူးဒေသ(၄)၏ မိုင်းလားနှင့် ဆီလူးခရိုင်တို့တွင်...

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးအဖွဲ့သည် အထူးဒေသ(၄)၏ ကျန်းမာရေးဦးစီးဌာနှင့်ပူးပေါင်း၍ ဇူလိုင် ၁၁ ရက်နှင့် ဇူလိုင် ၁၂ ရက်တို့က...

အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ(ကိုယ်စား)အဆိုတင်သွင်း

နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၂၁ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဖြင့်ကြေညာခဲ့သည့် အရေးပေါ်အခြေအနေကာလ၏ ရက်ပေါင်း(၉၀)ပြည့်မြောက်ရန်နီးကပ်လာ၍ ထပ်မံတိုးမြှင့်သတ်မှတ်ပေးပါရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ ဇူလိုင် ၁၄...

သာကေတ ၁၀ မြောက်စျေးအနီးတွင် Light...

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ၁၀ မြောက်စျေးအ နီးတွင် ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို...

ရန်ကုန်၊ ဇူလိုင်-၁၅ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်ခါနီးရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင်...
HomeNewsLocal Newsဝယ်ယူပြီး စားအုန်းဆီကိုအသုံးမပြုဘဲ တစ်ဆင့်ပြန်...

ဝယ်ယူပြီး စားအုန်းဆီကိုအသုံးမပြုဘဲ တစ်ဆင့်ပြန် လည်ရောင်းချသူများကိုစိစစ်အရေးယူနေ 

ဝယ်ယူထားသည့် စားအုန်းဆီကို အမှန်တကယ်အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူလျက်ရှိသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင် ၁၁ ရက်က အသိပေးကြေညာခဲ့သည်။

ထို့ပြင် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက် ပြည်သူများထံဖြန့်ဖြူးရာ၌ တိုင်း/ပြည်နယ်အလိုက် လူဦးရေနှင့် စားသုံးမှုနှုန်းပေါ်မူတည်၍ ယခင်လများ၏ ဖြန့်ဖြူးမှုအပေါ်အခြေခံကာလျာထား ချက်အတိုင်းအပြည့်အဝရောက်ရှိစေရန် အသုတ်လိုက် ဖြန့်ခွဲပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။

ထို့ကြောင့် စားအုန်းဆီအား စားသုံးသူများထံအပြည့် အဝရောက်ရှိရေးအတွက် သက်ဆိုင်ရာဒေသများတွင်ဖွဲ့စည်းထားသော စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။

ထို့ပြင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများထံ အပြည့်အဝရောက်ရှိစေရေးအတွက်လည်း စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူရရှိရန် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ကဆောင်ရွက်ပေးလျက်ရှိကာ စက်မှုလုပ်ငန်းသုံးစားအုန်းဆီကိုလည်း အမှန်တကယ်လိုအပ်သည့် လုပ်ငန်းအရေအတွက်ပေါ်အခြေခံစိစစ်တွက်ချက်ပြီးဖြန့်ဖြူးရောင်းချရန် စီစဉ်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။

ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်လို အပ်သည့်အရေအတွက်ကိုသာလျှောက်ထားဝယ်ယူအသုံးပြုကြရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုင်းတုံပြည်သူ့ဆေးရုံမှကျန်းမာရေးအဖွဲ့က အထူးဒေသ(၄)၏ မိုင်းလားနှင့် ဆီလူးခရိုင်တို့တွင် အခမဲ့ကွင်းဆင်းကုသပေး

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးအဖွဲ့သည် အထူးဒေသ(၄)၏ ကျန်းမာရေးဦးစီးဌာနှင့်ပူးပေါင်း၍ ဇူလိုင် ၁၁ ရက်နှင့် ဇူလိုင် ၁၂ ရက်တို့က မိုင်းလားခရိုင်နှင့် ဆီလူးခရိုင်တို့၌ ဒေသခံများအားအခမဲ့ကျန်းမာရေးကွင်းဆင်းစစ်ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။ အထူးကုဌာန(၁၀)ခုမှ ဆရာဝန်ကြီးများက ဒေသခံ (၂,၀၀၀)ဦးခန့်အားကုသမှုများပြုလုပ်ပေးခဲ့ကြပြီး မိုးရာသီတွင် အဖြစ်များသောရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အထူးဒေသ(၄)အနေဖြင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီပံ့ပိုးမှုများကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံအဆင့် ကျန်းမာ ရေးဝန်ဆောင်မှုပေးခြင်းကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ(ကိုယ်စား)အဆိုတင်သွင်း

နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၂၁ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဖြင့်ကြေညာခဲ့သည့် အရေးပေါ်အခြေအနေကာလ၏ ရက်ပေါင်း(၉၀)ပြည့်မြောက်ရန်နီးကပ်လာ၍ ထပ်မံတိုးမြှင့်သတ်မှတ်ပေးပါရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ ဇူလိုင် ၁၄ ရက်ကကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် ဒု-ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေပြန်လည်ရောက်ရှိစေရန် အရေးပေါ်အခြေအနေကြေညာထားခြင်းကာလကို တိုးမြှင့်သတ်မှတ်ရန်လိုအပ်လျက်ရှိသည်ဟု ရှင်းလင်းပြောဆိုသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂ ပုဒ်မခွဲ(ဃ)မှ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဆက်လက်အတည်ဖြစ်သည့် ကာလတိုးမြှင့်သတ်မှတ်ခြင်းကို...

သာကေတ ၁၀ မြောက်စျေးအနီးတွင် Light Truck ကားမီးလောင်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ၁၀ မြောက်စျေးအ နီးတွင် ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က Light Truck ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ ၁၀ မြောက်ဈေးအနီးတွင် Light Truck ကားမီးလောင်မှုဖြစ်ပွား၍ သာကေတမြို့နယ်/နယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071