Sunday, September 6, 2026

၂၀၂၇ ဆီးဂိမ်းဝင်ပြိုင်ရေး မြန်မာမြင်းစီးအဖွဲ့ချုပ် ၄၀...

၂၀၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် FEI 1 Endu...

ရန်ကုန်-ချုံချင့် တို-က်ရို-က်လေကြောင်းခရီးစဉ် တစ်ပတ် ၄...

ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့တို့အကြား ပြေးဆွဲနေသည့် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို လာမည့် အောက်တိုဘာ ၂၅ ရက်မှစတင်ကာ တစ်ပတ်လျှင်...

​ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းကူး တံတားပြုပြင်ရေးလုပ်ငန်းများ...

​အဆိုပါ ရန်ပယ်ချောင်းကူး ရထားလမ်းတံတားသည် ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော တံတားတစ်စင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မိုးသည်းထန်စွာ...

ဟဲဟိုးဒေသထွက် ဟင်းသီးဟင်းရွက်များ အခြောက်ပြုလုပ်ကာ ဂျပန်နှင့်...

ကလော၊ စက်တင်ဘာ ၆ ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာရှိ Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံမှ ဒေသထွက် ဂေါ်ဖီထုပ်၊ မုန်လာဥအရွက်၊...
HomeNewsLocal Newsဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့်...

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့် လွှတ်တော်အနီးရှိ စားသောက်ဆိုင်များကို အထူးဂရုပြု စစ်ဆေးရန်လို

နေပြည်တော်၊ စက်တင်ဘာ ၅

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့် လွှတ်တော်အနီးရှိ စားသောက်ဆိုင်များ၏ အစားအသောက်နှင့် သောက်သုံးရေ သန့်ရှင်းမှုကို အထူးဂရုပြု စစ်ဆေးပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ပြောကြားလိုက်သည်။

စက်တင်ဘာ ၄ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) တွင် ပြည်ထောင်စုလွှတ်တော်နာယက က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သယ်ယူပို့ဆောင်ရေးကော်မတီအနေဖြင့် ကိုယ်စားလှယ်များ လာရောက်ရာတွင် အဆင်ပြေစေရေး ဆောင်ရွက်ထားရန်နှင့် တည်းခိုရိပ်သာနှင့် လွှတ်တော်အကြား အသွား/အပြန် သယ်ယူပို့ဆောင်ရေးကို သက်ဆိုင်ရာ ကော်မတီများနှင့် အချိန်မီ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

အလားတူ အခမ်းအနား ပြင်ဆင်ရေးကော်မတီအနေဖြင့် ခန်းမကြီးများ ပြုပြင်ထိန်းသိမ်းမှု၊ ပရဝဏ်သန့်ရှင်းရေး၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်နှင့် ရုပ်သံပိုင်းဆိုင်ရာ ကောင်းမွန်စေရေးအတွက် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။

လာမည့် စက်တင်ဘာ ၂၁ ရက်တွင် တတိယပုံမှန်အစည်းအဝေးများကို စတင်ကျင်းပမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်အတွင်း နေပြည်တော်သို့ ရောက်ရှိသတင်းပို့ကြရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၇ ဆီးဂိမ်းဝင်ပြိုင်ရေး မြန်မာမြင်းစီးအဖွဲ့ချုပ် ၄၀ ကီလိုမီတာ ခရီးရှည်မြင်းစီး အရည်အချင်းစစ်ပြိုင်ပွဲကျင်းပမည်

၂၀၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် FEI 1 Endu rance Qualification 40km ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်တွင် နေပြည် တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အရည်အချင်းစစ်ပြိုင်ပွဲကျင်းပမည့် အခြေအနေများနှင့် မြန်မာနိုင်ငံမြင်း စီးအားကစားအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုများကို မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များက စက်တင်ဘာ ၄ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊...

ရန်ကုန်-ချုံချင့် တို-က်ရို-က်လေကြောင်းခရီးစဉ် တစ်ပတ် ၄ ကြိမ်အထိ တိုးချဲ့ပျံသန်းမည်

ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့တို့အကြား ပြေးဆွဲနေသည့် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို လာမည့် အောက်တိုဘာ ၂၅ ရက်မှစတင်ကာ တစ်ပတ်လျှင် ၄ ကြိမ်အထိ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်-ချုံချင့် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲပေးလျက်ရှိရာမှ အောက်တိုဘာ ၂၅ ရက်မှစတင်၍ တစ်ပတ်လျှင် ၄ ကြိမ်အထိ တိုးမြှင့်ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်သည်။ တိုးချဲ့ပြေးဆွဲမည့် လေကြောင်းခရီးစဉ်များကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်နှင့်...

​ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းကူး တံတားပြုပြင်ရေးလုပ်ငန်းများ စက်တင်ဘာလကုန်အပြီး ဆောင်ရွက်နေ​​ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရေလယ်တိုင် နိမ့်ကျမှုဖြစ်ပွားခဲ့သော တံတားအမှတ် (၃၄၃) ရန်ပယ်ချောင်းကူး ရထားလမ်းတံတား ပြုပြင်ခြင်းလုပ်ငန်းများကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် အပြီးသတ်နိုင်ရေးအတွက် စက်တင်ဘာ ၄ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်...

​အဆိုပါ ရန်ပယ်ချောင်းကူး ရထားလမ်းတံတားသည် ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော တံတားတစ်စင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ စီးဆင်းရာမှ ရေလယ်တိုင်များ နိမ့်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ​လက်ရှိတွင် ရေလယ်တိုင်အမှတ် (၂) နှင့် (၃) တို့အား စက်ဂျက်များဖြင့် မတင်ခြင်း၊ ရေစီးကြောင်း လမ်းကြောင်းပြောင်းလဲရေးအတွက် ရေကာတားများ ပြုလုပ်ခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတ်မှတ်ချိန်အတွင်း ရထားများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် တံတားပြုပြင်ခြင်းနှင့်အတူ သံလမ်းခင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ​တံတားပြုပြင်နေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071