မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကိုဗဟိုပြု၍ လှုပ်ခတ်မှုသိသာစွာခံစားခဲ့ရသော အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်ခဲ့မှု အောက်တိုဘာ ၄ ရက်ညပိုင်းကဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အောက်တိုဘာ ၄ ရက်ည ၁၁ နာရီ ၄၅ မိနစ် ၁၅ စက္ကန့်က ဝမ်းတွင်းမြို့၏ တောင်-အနောက်တောင်ဘက်(၈) မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၁)ရှိ အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
