အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကိုယ်စီ Body Mass Index(BMI) စစ်ဆေးမှုများပြုလုပ်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအသစ်ဖြစ်သူ Jeng Phang နော်တောင် ကမှာကြားသည်။
၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၄ ရက်မွန်းလွဲပိုင်းက ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေး၊ အားကစားနှင့် လူငယ်ကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရေးနှင့် ရုံးလုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် စည်းလုံးညီညွတ်စွာကျရာအခန်းကဏ္ဍမှ ကျေပွန်စွာဆောင်ရွက်နိုင်စေရေးတို့အတွက်ရည်ရွယ်၍ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မှလာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်အောင်မြင်မှုရရှိစေရေးအတွက်ဆောင်ရွက်ရမည်များ၊ လေ့ကျင့်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နည်းစနစ်ပိုင်းနှင့် စံချိန်/စံညွှန်းပိုင်းများတွင် မှတ်တမ်းများစနစ်တကျပြုစုဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့ပြင် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ပတ် သက်၍ ကိုယ်စီ Body Mass Index(BMI)စစ် ဆေးမှုများပြုလုပ်ရန်၊ နိုင်ငံ့ဝန်ထမ်းများ လိုက် နာရမည့် ကျင့်ဝတ်များကိုစောင့်ထိန်းလိုက်နာပြီး လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် တစ်ဦးနှင့်တစ်ဦး အထက်အောက်အပြန်အလှန် လေးလေးစားစားပြောဆိုဆက်ဆံရန်လည်း မှာကြားသည်။
ထို့အတူ ဝန်ထမ်းများ၏ ခံစားခွင့်ဖြစ်သည့် ရာ ထူးတိုးမြှင့်ရေးနှင့် ပြောင်းရွှေ့ရေးတို့ကို ဘုတ်အဖွဲ့များဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးသွားမည်ဟုလည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကပြောကြားခဲ့သည်။