နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms Gwyn Lewis တို့ ယနေ့ အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့် အ နာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်မှလည်း ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့လည်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ICRC က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
