Tuesday, July 28, 2026

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသည့်မြန်မာနိုင်ငံ၏...

“မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရှင်းလင်း ခိုင်မာပြီး...

AI ကို လုပ်ငန်းရှင်တွေ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချနိုင်အောင်...

"လုပ်ငန်းရှင်တွေအနေနဲ့ AI နည်းပညာက တိုးတက်ပြောင်းလဲလာတဲ့အပေါ်မှာ သူတို့လုပ်ငန်းမှာ ဘယ်လိုမျိုး အဓိက အသုံးချရမလဲ၊ အသုံးချတဲ့အပေါ်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Team...

မြန်မာ – ဂျပန်စီးပွားရေးဖိုရမ်အား နိုင်ငံတော်သမ္မတ...

မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်တွင် MOU (၄) ခု လက်မှတ်ရေးထိုးမည် ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်ဖွင့်ပွဲအား...

တိုင်းနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စုပေါင်းတံခွန်စိုက်ဆုဖလားများ...

ရန်ကုန်၊ ဇူလိုင် ၂၈ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသမီးတံခွန်စိုက်၊ အမျိုးသားတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကို သိမ်းပိုက်ဆွတ်ခူးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာ...

ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာ ဂုဏ်ပြုတက်ရောက်လာ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (အမှတ် ၃၂၇) ၌တည်ရှိသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံအား မူလလက်ရာမပျက်ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်ကာ အဆင့်မြှင့်တင်ခဲ့ပြီးနောက် ယနေ့ ဂျူလိုင်လ ၂၇ ရက်တွင် ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံအဖြစ် ဖွင့်လှစ်ပွဲသည့် အခမ်းအနားကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် ပြေတီဦးတို့ဇနီးမောင်နှံ၊ ဝတ်မှုံရွှေရည်တို့ဇနီးမောင်နှံ၊ ဟိန်းဝေယံတို့ဇနီးမောင်နှံ စသည့် ရုပ်ရှင်၊ သဘင်၊ ဂီတမှ အနုပညာရှင် အတတ်ပညာရှင်ပေါင်းများစွာမှ ဂုဏ်ပြုတက်ရောက်လာသည့် မြင်ကွင်းပုံရိပ်များ ဖော်ပြလိုက်ပါသည်။

အဆိုပါ ဝဇီရာရုပ်ရှင်ရုံကြီးကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဦး‌ဆောင်ကာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် မူလလက်ရာမပျက်အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။ ဝဇီရာရုပ်ရှင်ရုံ အဆောက်အဦး၏ဗိသုကာလက်ရာများသည် ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာ အသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ကာ ရုပ်လုံးရုပ်ကြွများဖြင့် လှပခမ်းနားစွာ တန်ဆာဆင်ထားသည်။ ရှေ့မျက်နှာစာတွင် ကျောက်တိုင်ကြီး ၄ လုံးကို ခံ့ညားစွာ တွေ့ရှိနိုင်ပြီး အနုစိတ်ထားသည့် အင်္ဂတေ ပန်းတော့ လက်ရာများဖြင့် ရွှေရောင်လွှမ်းသည့် အနုပညာလက်ရာများ ပါဝင်ဖွဲ့စည်းထားသည့် ကမ္ဘာ့အဆင့်မီ ရှေးဟောင်းဗိသုကာအလှအပများအား ထင်ရှားစွာ တွေ့မြင်နိုင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသည့်မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတော် သမ္မတ ဖိတ်ခေါ်

“မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရှင်းလင်း ခိုင်မာပြီး ပွင့်လင်းမြင်သာတဲ့ စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးဖို့၊ လုပ်ထုံးလုပ်နည်းတွေကို လွယ်ကူချောမွေ့အောင် ပြုပြင်ပြောင်းလဲဖို့နဲ့ သင့်တော်တဲ့ မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဂျပန် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးမှာ ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြဖို့လည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုပါတယ်။ မိမိတို့အစိုးရအနေနဲ့ သမားရိုးကျ စိုက်ပျိုးတဲ့စနစ်ကနေ ထုတ်လုပ်မှုအားကောင်းပြီး ရေရှည်အကျိုးဖြစ်ထွန်းနိုင်မယ့်...

AI ကို လုပ်ငန်းရှင်တွေ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချနိုင်အောင် နည်းလမ်းမျှဝေခဲ့တဲ့ Yangon’s Digital Marketing & AI Panel Discussion အခမ်းအနား

"လုပ်ငန်းရှင်တွေအနေနဲ့ AI နည်းပညာက တိုးတက်ပြောင်းလဲလာတဲ့အပေါ်မှာ သူတို့လုပ်ငန်းမှာ ဘယ်လိုမျိုး အဓိက အသုံးချရမလဲ၊ အသုံးချတဲ့အပေါ်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Team နဲ့ AI နဲ့ တွဲပြီးသုံးရမလဲ၊ AI ဆိုတာက လူတွေကို အစားထိုးဖို့ မဟုတ်ဘဲနဲ့ Business Group Partner အနေနဲ့ အသုံးပြုဖို့အတွက် AI ကို သုံးသင့်တယ်ဆိုတဲ့အကြောင်းအရာတွေကို Panel Discussion မှာ ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်" - ဒေါ်မှူးသပြေခွန်အောင် (Digital marketing by...

မြန်မာ – ဂျပန်စီးပွားရေးဖိုရမ်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်တွင် MOU (၄) ခု လက်မှတ်ရေးထိုးမည် ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် မြန်မာ - ဂျပန်စီးပွားရေးဖိုရမ်ဖွင့်ပွဲအား မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်သော မြန်မာကုမ္ပဏီတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတမှ မြန်မာ - ဂျပန် စီးပွားရေးဖိုရမ်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံရဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071