(Unicode)
လှည်းကူးက EPC ရုံးရှေ့မှာ ဗုံးနှစ်လုံးပေါက်
လှည်းကူးမြို့က EPC ရုံးရှေ့မှာ နိုဝင်ဘာ ၁၀ ရက် မနက် ၁၀ နာရီခွဲလောက်က ဗုံးတစ်လုံးစတင်ပေါက်ကွဲပြီး လုံခြုံရေးအဖွဲ့တွေရောက်လာချိန်မှာ နောက်ထပ်ဗုံးတစ်လုံး(ပေါင်း ဗုံးနှစ်လုံး)ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
မီတာလာဆောင်သူတွေရှိပေမဲ့လည်း ဗုံးပေါက်ကွဲတဲ့နေရာက မီတာဆောင်ဖို့တန်းစီနေတဲ့သူတွေနဲ့ အနည်းငယ်ဝေးတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေမရှိပေမဲ့ ကားတစ်စီးနဲ့ဆိုင်ကယ်လေးစီးကတော့ ပျက်စီးသွားပါတယ်။
“ပထမတစ်လုံးပေါက်ပြီး စစ်သားတွေရောက်လာတဲ့အချိန် နောက်တစ်လုံးထပ်ပေါက်တာ ဒီနေ့မီတာလာဆောင်တဲ့သူတွေများတယ်”လို့မျက်မြင်ကြုံတွေ့ခဲ့သူတစ်ယောက်ကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ လုံခြုံရေးအဖွဲ့တွေက မီတာလာဆောင်သူတွေကို စစ်ဆေးနေသလို အနီးဝန်းကျင်နဲ့လမ်းတွေပေါ်မှာလည်း ဖြတ်သွားဖြတ်လာတွေ ရပ်ကွက်အတွင်းတွေကို လိုက်ပြီးစစ် ဆေးနေပါတယ်။
Photo – CJ
(Zawgyi)
လွည္းကူးက EPC ႐ုံးေရွ႕မွာ ဗုံးႏွစ္လုံးေပါက္
လွည္းကူးၿမိဳ႕က EPC ႐ုံးေရွ႕မွာ ႏိုဝင္ဘာ ၁၀ ရက္ မနက္ ၁၀ နာရီခြဲေလာက္က ဗုံးတစ္လုံးစတင္ေပါက္ကြဲၿပီး လုံၿခဳံေရးအဖြဲ႕ေတြေရာက္လာခ်ိန္မွာ ေနာက္ထပ္ဗုံးတစ္လုံး(ေပါင္း ဗုံးႏွစ္လုံး)ေပါက္ကြဲခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီကသိရပါတယ္။
မီတာလာေဆာင္သူေတြရွိေပမဲ့လည္း ဗုံးေပါက္ကြဲတဲ့ေနရာက မီတာေဆာင္ဖို႔တန္းစီေနတဲ့သူေတြနဲ႔ အနည္းငယ္ေဝးတာေၾကာင့္ ထိခိုက္ဒဏ္ရာရတဲ့သူေတြမရွိေပမဲ့ ကားတစ္စီးနဲ႔ဆိုင္ကယ္ေလးစီးကေတာ့ ပ်က္စီးသြားပါတယ္။
“ပထမတစ္လုံးေပါက္ၿပီး စစ္သားေတြေရာက္လာတဲ့အခ်ိန္ ေနာက္တစ္လုံးထပ္ေပါက္တာ ဒီေန႔မီတာလာေဆာင္တဲ့သူေတြမ်ားတယ္”လို႔မ်က္ျမင္ႀကဳံေတြ႕ခဲ့သူတစ္ေယာက္ကေျပာပါတယ္။
ေပါက္ကြဲမႈျဖစ္ၿပီးခ်ိန္မွာ လုံၿခဳံေရးအဖြဲ႕ေတြက မီတာလာေဆာင္သူေတြကို စစ္ေဆးေနသလို အနီးဝန္းက်င္နဲ႔လမ္းေတြေပၚမွာလည္း ျဖတ္သြားျဖတ္လာေတြ ရပ္ကြက္အတြင္းေတြကို လိုက္ၿပီးစစ္ ေဆးေနပါတယ္။
Photo – CJ