Sunday, May 3, 2026

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့်...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက်...

မုံရွာမြို့ ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊...
HomeNewsLocal Newsလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ အာဆီယံလွှတ်တော်များနှင့်...

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ အာဆီယံလွှတ်တော်များနှင့် နိုင်ငံတကာဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရမည်

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ အာဆီယံလွှတ်တော်များနှင့် နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်၊ အာဆီယံဒေသတွင်းလွှတ်တော်အဖွဲ့အစည်းများနှင့်ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးပြင်ဆင်ဆောင်ရွက်ရမည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ရန်ကုန်တိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၂ ရက်တွင်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်ကို ကဏ္ဍအလိုက်အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအလေ့အကျင့်ကောင်းများရရှိအောင်တည်ဆောက်ရန်၊ ဥပဒေပြုမဏ္ဍိုင်အနေဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများကို အေးအေးချမ်းချမ်းနေနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်အောင်ကြိုးစားရန် ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများကယုံယုံကြည်ကြည်ဖြင့် ဆန္ဒမဲပေးရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူများ၏ ဆန္ဒနှင့်မျှော်လင့်ချက်များကို အထူးအလေးထားဆောင်ရွက်ရန်၊ လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေရေးရာများကိုနားလည်တတ်ကျွမ်းရန်၊ နိုင်ငံတော်တွင် ပကတိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်နှင့် တည်ဆဲဥပဒေများကိုနှိုင်းယှဉ်သုံးသပ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင်ထားရှိနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် ပြောသည်။

နိုင်ငံတော်၏ကဏ္ဍအသီးသီးမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ပြည်သူလူထုများနားလည်ပြီး ပူးပေါင်းပါဝင်လာအောင်လွှတ်တော်ကိုယ်စားလှယ်များကဆောင်ရွက်ရန်၊ ပြည်သူလူထုအကျပ်အတည်းဖြစ်စေသည့်ကိစ္စများကို နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း ၍ ပြည်သူလူထု၏မျှော်မှန်းချက်၊ မျှော်လင့်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စွမ်းရည်မြင့်မားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမအား ကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ချီးကျူးဂုဏ်ပြုသည့် မိန့်ခွန်းပြောကြားသွားမည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တာကာအိချီ၏ ပထမဆုံးဗီယက်နမ်ခရီးစဉ်သည် စွမ်းအင်လုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်၏ ပြန်လည်ရုန်းထနိုင်စွမ်းနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတို့တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း ဗီယက်နမ်အစိုးရပိုင်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ သူသည် စနေနေ့တွင် ဝန်ကြီးချုပ် လီမင်ဟွန်းအပြင် ပြီးခဲ့သည့်လကပင် သမ္မတအဖြစ်လည်းတင်မြှောက်ခံခဲ့ရသော ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဂျပန်သည် ဗီယက်နမ်၏...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့် တောင်သူလယ်သမားစျေးဖွင့်လှစ်ရောင်းချ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက် မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းဆိုင်ခန်း (၃၀) ကျော်ဖြင့် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချခဲ့မှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တောင်သူလယ်သမားစျေးကို လစဉ်ပထမပတ်၏ စနေနေ့တွင်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ နောင်လာမည့်အပတ်တွင်လည်း ဈေးဆိုင်ခန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071