လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် “ဝပ်စီယမ်သုန်” (Wat Xieng Thong) ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ထိုသို့ ဖူးမြော်ရာတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကြည်ညိုဖူးမြော်ခဲ့ကြပြီး ဘုရား၏ ရှေးဟောင်းဗိသုကာလက်ရာများ၊ လာအိုနိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်များနှင့် ထူးခြားသည့် အနုပညာလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝပ်စီယမ်သုန်ဘုရားသည် လွန်ပရာဘန်မြို့၏ အထင်ကရ သမိုင်းဝင်ဗုဒ္ဓဘုရားကျောင်းတစ်ဆူဖြစ်ပြီး လာအိုနိုင်ငံ၏ အရေးပါဆုံး ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများအနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။
