လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက် (Royal Palace Museum) သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုရာတွင် လွန်ပရာဘန်မြို့၏ သမိုင်းဝင်တော်ဝင်နန်းတော်၊ လာအိုဘုရင်မင်းဆက်၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းအနုပညာလက်ရာများနှင့် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့ပြင် ပြတိုက်ဝန်းအတွင်းရှိ လာအိုနိုင်ငံ၏ အလွန်အရေးပါသော ရှေးဟောင်း “ဖဘန် (Phra Bang)” ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုခဲ့ကြပြီးနောက် တော်ဝင်နန်းတော်ပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်းတွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
