Monday, April 13, 2026

နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို...

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်စစ်ပွဲအပေါ် ၎င်း၏ ရပ်တည်ချက်ကို...

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ...

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့်...
HomeNewsLocal Newsလွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများတွင်...

လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်နိုင်

လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများသည် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုခြင်းများသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများသည် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်နိုင်မည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း ပါဝင်နိုင်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) နေ့တွင် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် (၃၀/၂၀၂၅) ဖြင့် သတ်မှတ်ထားသော ပြစ်မှုများမှအပ အကျဉ်းသား/ အကျဉ်းသူများ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာ ခွင့်ပြုပြီး အမိန့်အမှတ် (၃၁/၂၀၂၅) ဖြင့် အကျဉ်းသား/ အကျဉ်းသူ ၄၈၉၃ ဦး၏ပြစ်ဒဏ်များကို လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သည်။

ထို့ပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုကာ လူသားချင်းစာနာထောက်ထားမှုကို အလေးထားလျက် အမိန့်အမှတ် (၃၂/၂၀၂၅) ဖြင့် ပြစ်ဒဏ်ကျခံနေသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးတို့ကို ယင်းတို့ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့သည်။

ယင်းတွင် နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူများကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခြင်းသည် နိုင်ငံများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်ရာ ရောက်သည့်အပြင် သဘာဝဘေးအန္တရာယ် ကျရောက်သည့် အခြေအနေများတွင် ကမ္ဘာ့မိသားစုဝင် နိုင်ငံအချင်းချင်း လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ဆယ်ရေးနှင့် ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့မှုများကိုလည်း အလေးထား အသိအမှတ်ပြုရာ ရောက်သည်ဟု ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို မကြိုက်ဟု ထရမ့်ဝေဖန်

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်စစ်ပွဲအပေါ် ၎င်း၏ ရပ်တည်ချက်ကို ရှုတ်ချကာ ပုပ်ရဟန်းမင်းကြီးသည် “နိုင်ငံခြားရေးမူဝါဒအတွက် အလွန်ဆိုးရွားသူ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို ကျွန်တော်တို့ မကြိုက်ဘူး။ … သူက ကမ္ဘာကြီးကို ဖောက်ခွဲဖျက်ဆီးပစ်ဖို့ နျူကလီးယားလက်နက် လိုချင်နေတဲ့ နိုင်ငံမျိုးနဲ့ ကျွန်တော်တို့က မကစားသင့်ဘူးလို့ ထင်နေတဲ့လူပဲ” ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့ပြီး “ကျွန်တော်...

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အဖွင့်အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရန်ကုန်မြို့တော်ဝန် ၊အစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင်အနုပညာရှင်များ ၊ ယိမ်းအကအလှပျိုဖြူများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့မှ ဧပြီ ၈ ရက်ကလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု၊ အကျဉ်းသူများ၏ တစ်နေ့တာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင် တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့်လေ့ကျင့်ခန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက်လိုအပ်သည့် တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ မြန်မာအစား အစာများအပါအဝင် အသင့်စားအစားအစာများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071