Thursday, February 13, 2025

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း...

စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့က မိုင်းဖြင့်ဖောက်...

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို...

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့...

ရွှေစက်တော်ဘုရားပွဲသို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ဟု ဂေါပကပြော

မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်တွင်...
HomeNewsLocal Newsလျှပ်စစ်သုံးယာဥ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁၄)ခုကိုခွင့်ပြုပေး

လျှပ်စစ်သုံးယာဥ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁၄)ခုကိုခွင့်ပြုပေး

မြန်မာနိုင်ငံ၌ လျှပ်စစ်သုံးယာဥ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၄)ခုကို ဇန်နဝါရီ ၃၀ ရက်မွန်း လွဲပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ (၁/၂၀၂၅)ကြိမ်မြောက်အစည်း အဝေးမှ ခွင့်ပြုပေးခဲ့သည်။

အဆိုပါ အစည်းအဝေးအား နစက ဒု-ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုး ရေးလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်ခြင်းလုပ် ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတ ကာအဆင့်မီကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းအသစ်(၁၄)ခုကို ခွင့်ပြုပေးခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုအသစ်(၁၄)ခုသည် ပြည်တွင်း/ပြည်ပမှဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၃ ဒသမ ၆၈၄)သန်းနှင့် ငွေကျပ် (၃၄၅၈၆၃ ဒသမ ၀၄၃)သန်းဖြစ်ပြီး မြန်မာနိုင်ငံသား(၁၅၄၄)ဦး အလုပ်အကိုင်များရရှိမည်ဖြစ် သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း (၅၃)ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ(၁၂)ရပ်အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏(၂၈ ဒသမ ၃၂)ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏(၂၄ ဒသမ ၆၇)ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏(၁၄ ဒသမ ၄၃)ရာခိုင်နှုန်းရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့ရာ၌ ဖေဖော်ဝါရီလ (၁) ရက်မှ စတင်ကာ ဩဂုတ်လကုန်အထိ (၇) လ ကာလအတွင်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁.၁၁)သန်း...

စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့က မိုင်းဖြင့်ဖောက် ခွဲတိုက်ခိုက် ကျောင်းသားကလေးငယ်(၂)ဦးဒဏ် ရာရ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်မွန်းတည့် ၁၂ နာရီခန့်က မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ အ.ထ.က (တုံးဗျောကြီး)မှ မူလတန်းပြဆရာ(၁)ဦးနှင့် ကျောင်းသား(၆)ဦးတို့သည် စာမေးပွဲများဖြေဆိုရန်လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အ.ထ.က(တောင်ဖီလာ)သို့ ကား (၁)စီးဖြင့် ထွက်ခွာလာခဲ့ကြကြောင်း သိရသည်။ ထိုသို့ ထွက်ခွာလာစဥ် တောင်ပုကျေးရွာအနီးအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လိုက်ပါလာသည့် မူ လတန်းပြဆရာနှင့် ကျောင်းသားများအနက်...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို ပ‌ ပျောက်ရေး နှိမ်နင်းရန် အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ကျားဖြန့်နှင့် လူမှေ-ာင်ခိုပ‌ပျောက်ရေး နှိမ်နင်းရန်အတွက် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖွဲ့စည်းရာ၌ ကြီးကြပ်ရေးနှင့်ပြန်လည်ပို့ဆောင်ရေး အဖွဲ့(၄)ဖွဲ့ခွဲ၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကာ ၊ အဖွဲ့(၁)တွင် ဗိုလ်မှူးကြီး စောဒိဒိ ခေါင်းဆောင်သည့် အဖွဲ့ဝင် (၇)ဦး၊ အဖွဲ့(၂)တွင် ဗိုလ်မှူးကြီးစောဆန်းလင်း ခေါင်းဆောင်သည့် အဖွဲ့ဝင်(၇)ဦး၊ အဖွဲ့(၃)တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071