Thursday, June 25, 2026

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁...

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊...
HomeNewsLocal Newsလျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံ ကိန်းတို့ဖြင့်...

လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံ ကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉)ဧက စိုက်ပျိုးမည်

မကွေးတိုင်း၊ မင်းဘူးခရိုင်တွင် လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉) ဧကစိုက်ပျိုးသွားမည်ဟု မင်းဘူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)ထံမှ သိရသည်။

မင်းဘူးခရိုင်အတွင်း သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဇွန် ၂၂ ရက်မှစတင်ကာ တညောင်လျှပ်စစ်ရေတင်စီမံကိန်းမှ(၁,၉၈၁)ဧက၊ ရေပုတ်ကလေးဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၁၀၀)ဧက၊ ကျောင်းကုန်းကြီး ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၂၄၀)ဧကတို့ကို ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွာသာကြီးဆိုလာဓာတ်အားပေးစနစ် စီမံ ကိန်းမှ(၅၀၀)ဧက၊ ဘုရားကုန်းဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၈၂)ဧက၊ အောင်ပင်လယ်လျှပ်စစ်စီမံကိန်းမှ(၇၈)ဧက၊ ကျောက်စံလျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်စီမံကိန်းမှ(၅၂၅)ဧက၊ ကန်းနီဆိုလာဓာတ်အားပေးစနစ်ရေတင်စီမံကိန်းမှ(၄၀၃)ဧကတို့ကိုလည်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်း မူလဆည်ရေသောက်ဧရိယာနှင့် မိုးကောင်းသောက်ဧရိယာများ၊ အစိုးရဆည်တမံများ၊ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေစုပ်တင်ခြင်းများ၊ မိုးကောင်းသောက်စနစ်များ စသော ရေရရှိရေးနည်းလမ်းများဖြင့် စပါးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AYA Bank Application Portal အဟောင်းမှ ငွေကြေးဆိုင်ရာမဟုတ်သော အချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပွား၊

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA Bank က အသုံးပြုခဲ့သည့် Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာမဟုတ်သော လျှောက်လွှာအချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း AYA Bank က ထုတ်ပြန်ကြေညာခဲ့သည်။ AYA Bank ၏ ထုတ်ပြန်ချက်အရ အဆိုပါ Portal သည် ဘဏ်၏ Core Banking System၊...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည်ပင်ဥပဒေ (၂၀၁၈)အတိုင်းအရေးယူမည်ဟု တိုင်းအစိုးရအဖွဲ့ပြော

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့် ထပ်မံကျူးလွန်သူများကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေ(၂၀၁၈)ပါ ပြဋ္ဌာန်းချက်များအတိုင်း ခြွင်းချက်မရှိထိရောက်စွာဆက်လက်အ ရေးယူသွားမည်ဟု ပြောသည်။ ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်ရှိ လမ်းမများနှင့် ယာဉ်ရပ်နားနိုင်သည့်နေရာများတွင် အတားအ ဆီးများချထားခြင်းမရှိစေရန် မြို့နယ်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်းပါဝင်မှသာပို မိုအောင်မြင်နိုင်မည်ဟု ပြောသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်မှစတင်ကာ လုံခြုံရေးလိုအပ်ချက်အရအတားအဆီးများချထားခဲ့သော်လည်း လက်ရှိအ ချိန်တွင် လုံခြုံရေးအရဖြေလျှော့ပေး၍ရသည့်နေရာများကိုစတင်ဖယ်ရှားပေးခဲ့ရာ ထက်ဝက်နီးပါးခန့်ဖယ် ရှားပြီးခဲ့ကာ...

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြန်လည်ရောက်ရှိ

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့် 2 nd International Forum of the Union State "Great Heritage- Common Future"တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဇွန် ၂၄ ရက်ည ၈ နာရီတွင် ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ USDP ပါတီမှတာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ဘယ်လာရုစ်နိုင်ငံရောက်ရှိနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071