Saturday, February 15, 2025

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန်...

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ကရင်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူက စာ‌ပေးပို့အကူညီ တောင်းခဲ့ကြောင်း သိရသည်။ ကရင်နယ်ခြားစောင့်တပ်...

ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက်ပိုင်း သောက်ရေသန့်စက်ရုံများ မလည်ပတ်နိုင်သဖြင့် သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ လျှပ်စစ်မီးအခက်အခဲကြောင့် သောက်ရေသန့်စက်ရုံများ ရေမတင်နိုင်ခြင်း၊ ရေသန့်စက်...

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့်...

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို...

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု...

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား...
HomeNewsLocal Newsလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော်...

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး တင်အောင်စန်း တိုက်တွန်း

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားလျက်ရှိနေသည့်အတွက် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy – RE) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်‌ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တိုက်တွန်းပြောကြားခဲ့သည်။

တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၈) ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၂၇) ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၈)ရုံ စုစုပေါင်း တပ်ဆင်အင်အား (၆၃၇၁) မဂ္ဂါဝပ်ရှိကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ဓာတ်အားပေးစက်ရုံ (၁၂) ရုံသည် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခြင်း စသည်တို့ကြောင့် လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှု ကျဆင်းလျက်ရှိနေကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ထို့ပြင် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် (၄)ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၃) ခု၊ ပဲခူးတိုင်းဒေသကြီးတွင်(၁)ခု၊ ရှမ်းပြည်နယ်တွင်(၁)ခု စုစုပေါင်း တပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိကြောင်း၊ ဆောက်ရွက်ဆဲ Hybrid (Gas Engine + Solar) စီမံကိန်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် (၁)နှင့် မကွေးတိုင်းဒေသကြီးတွင်(၁)ခု စုစုပေါင်း တပ်ဆင်အင်အား (၄၉၆) မဂ္ဂါဝပ်နှင့် တည်ဆောက်ဆဲ ဆိုလာနှင့် Hybrid စီမံကိန်းများ၏ စု စုပေါင်း တပ်ဆင်အင်အားအနေဖြင့် (၁၀၂၆)မဂ္ဂါဝပ်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်သည် ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝ တိုးတက်မြင့်မားရေးနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာခြင်းဖြင့် အခြေခံအဆောက်အဦ (Infrastructure) လိုအပ်ချက်ကို ဖြည့်ဆည်းတည်ဆောက်နိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ (၂) ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်စေရေး ရ ည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုဝန်ကြီးချုပ်ထံ BGF ခေါင်း‌ဆောင်စာပို့အကူညီတောင်း

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ကရင်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူက စာ‌ပေးပို့အကူညီ တောင်းခဲ့ကြောင်း သိရသည်။ ကရင်နယ်ခြားစောင့်တပ် ဗိုလ်ချုပ်စောချစ်သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့်စာကို ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ဖေဖော်ဝါရီ (၁၃)ရက်က ပေးပို့လိုက်ခြင်းဖြစ်သည်။ ပေးပို့စာ၌ မိမိဒေသအတွင်း ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများတွ င် တရားမဝင် လာရောက်လုပ်ကိုင်နေကြသည့် လူ-ကုန်ကူးမှုကျူးလွန်သူများနှင့် လိ-မ်လည်လှည့်ဖျားသူများ (ကျားဖြန့်) အား ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက် ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ သံရုံးများသို့ ပို့ဆောင်ပေးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။ ထို့သို့...

ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက်ပိုင်း သောက်ရေသန့်စက်ရုံများ မလည်ပတ်နိုင်သဖြင့် သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ လျှပ်စစ်မီးအခက်အခဲကြောင့် သောက်ရေသန့်စက်ရုံများ ရေမတင်နိုင်ခြင်း၊ ရေသန့်စက် မလည်ပတ်နိုင်ခြင်းတို့ကြောင့် ဒေသတွင်း ရေသန့်ဖြန့်ဖြူးရောင်းချနိုင်ခြင်း မရှိတော့ခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။ "လျှပ်စစ်မီးရမှ လုပ်နိုင်မယ့် လုပ်ငန်းတွေအားလုံး ရပ်ကုန်တာ။ မဖြစ်မနေ လိုအပ်တဲ့ ထဲမှာ ရေသန့်လုပ်ငန်းတွေလည်း ပါနေတော့ အခု တွင်းရေကိုဘဲ အားပြု သောက်နေရတာပေါ့။ အားလုံးပြတ်နေတာမျိုး မဟုတ်ပေမယ့် ရှားပါးလာတာပေါ။ အခု ဆိုလာမီးနဲ့ လုပ်ဖို့တော့ စီစဉ်နေကြတယ်"ဟု ၎င်းကပြောသည်။ ဘုရားသုံးဆူမြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့်...

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲ

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို ရတနာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ ရတနာအိမ်ရာ၊ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် (စနေနေ့) မှ ၁၆ ရက် (တနင်္ဂနွေနေ့) အထိ မနက် (၉) နာရီမှ ညနေ (၅)နာရီ အတွင်း အဆိုပါ အရောင်းပြခန်း၌ လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။ " အရစ်ကျစနစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071