ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅) မြို့နယ်တွင် လျှပ်စစ်သုံးယာဉ် EV Fast Charging Station များတည်ဆောက်လျှက်ရှိသည်။
အဆိုပါ လျှပ်စစ်သုံးယာဉ် EV Fast Charging Station နေရာများမှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒဂုံ-ဧရာအဝေးပြေးယာဉ်နှင့် ကုန်တင်ယာဉ်ရပ်နားစခန်းဝင်း၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေး၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးယာဉ်နှင့် ကုန်တင်ယာဉ်ရပ်နားစခန်းဝင်း၊ အလုံမြို့နယ် သခင်မြပန်းခြံ၊မင်္ဂလာတောင်ညွှန့်မြို့နယ် ရန်ကုန်ဘူတာကြီးရှေ့ ပန်းဆိုးတန်းခုံးကျော်တံတားဘေးနေရာတွင် တည်ဆောက်နေခြင်းဖြစ်သည်။
ယင်းအပြင် အများသုံး Level-3 အဆင့် လျှပ်စစ်ကား အားသွင်းရုံ (Charging Station) တွေ တည်ဆောက်ရန် ကော်မတီကညွှန်ကြားထားပြီးဖြစ်ကာ အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်ပြည်လုံးတွင် လျှပ်စစ်ကားများသာ အသုံးပြုမည်ဟု ရည်မှန်းထားသည်။ နောက်ပိုင်းတွင် လျှပ်စစ်ဆိုင်ကယ်၊လျှပ်စစ်သုံးဘီးဆိုင်ကယ်တွေကိုလည်း ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လျှပ်စစ်ကား အိမ်သုံးအားသွင်းစက်များနှင့် နေပြည်တော်၊ ရန်ကုန်တို့တွင် လျှပ်စစ်ကား Charging Station များတွင် အသုံးပြုရန် အားသွင်းစက်များရောက်ရှိလာပြီဖြစ်ပြီး
အဆိုပါ EV အားသွင်းစက်များတင်သွင်းမှုကို ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသည်။








