Tuesday, August 11, 2026

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးလွန် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး...

ပုသိမ်၊ ဩဂုတ် ၁၁ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ ကွယ်လွန်သူ...

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Xaysomphone Phomvihane ကွယ်လွန်သွားခဲ့သည့်အတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း...

မြစ်ရေများ ဆက်လက်မြင့်တက်နေ

မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့တို့ရှိ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားကြရန် သတိပေး နေပြည်တော်၊ ဩဂုတ်-၁၁ မြန်မာနိုင်ငံရှိ မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး...

ဘန်ကောက် အထပ်မြင့် ကွန်ဒို ၅၀...

ဘန်ကောက်မြို့က အထပ်မြင့် ကွန်ဒို ၅၀ ဟာ အဆောက်အအုံ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖေ-ာက်ထားတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က...
HomeNewsLocal Newsလဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို...

လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ သြဂုတ် ၁၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့် တရားမဝင် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်၊

ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးလွန် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး ပြန်လည်စတင်နိုင်ရေး ကြိုတင်ပြင်ဆင်နေ

ပုသိမ်၊ ဩဂုတ် ၁၁ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ရေပြန်လည်ကျဆင်းပါက စပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေယာပြုပြင်ခြင်း၊ စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ ကြိုတင်ပြင်ဆင်ရန်နှင့် စာသင်ကျောင်းများ အမြန်ဆုံးပြန်ဖွင့်နိုင်ရေး၊ ကျန်းမာရေး၊ ကူညီထောက်ပံ့ရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ကြိုတင်တွက်ချက် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် စေတနာရှင်များ၏ အလှူငွေများနှင့် လေးမျက်နှာမြို့နယ်...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ ကွယ်လွန်သူ လာအို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအတွက် ဝမ်းနည်းစွာ ဂါရဝပြု

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Xaysomphone Phomvihane ကွယ်လွန်သွားခဲ့သည့်အတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင်သည် အထွေထွေအတွင်းရေးမှူးနှင့်အတူ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံးသို့ သွားရောက်ကာ ဂါရဝပြု ဝမ်းနည်းကြောင်း မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ဝမ်းနည်းကြောင်း မှတ်တမ်းရေးထိုးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့် သံရုံးအရာထမ်းများရှေ့မှောက်၌ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့က လာအို-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးပါသော ခေါင်းဆောင်တစ်ဦး...

မြစ်ရေများ ဆက်လက်မြင့်တက်နေ

မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့တို့ရှိ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားကြရန် သတိပေး နေပြည်တော်၊ ဩဂုတ်-၁၁ မြန်မာနိုင်ငံရှိ မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့များတွင် မြစ်ရေသည် သက်ဆိုင်ရာမြို့များ၏ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရသည်။ ဩဂုတ် ၁၁ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်အထက် ၂၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071