Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...

လဝက ဒု-ဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေး 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒု -ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်(၆၃ /၂၀၂၆)ဖြင့် ယနေ့ ဩဂုတ်...
HomeMoviesလေးမျက်နှာမြို့နယ်တွင် MPT မိုဘိုင်းဆက်သွယ်ရေး...

လေးမျက်နှာမြို့နယ်တွင် MPT မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုအချို့ ပြန်လည်ရရှိ၊လက်ရှိဝန်ဆောင်မှုပေးနိုင်မှုမှာ ၁၆.၁၈ ရာခိုင်နှုန်းရရှိပြီဖြစ်

လေးမျက်နှာ၊သြဂုတ်-၅

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် နင်းကြမ်းကျေးရွာရှိ MPT မိုဘိုင်းစခန်း (Site ID – AWD00442) ကို ယနေ့ ဩဂုတ် ၅ ရက် နေ့လယ် ၁၂ နာရီ ၂၆ မိနစ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု ပြန်လည်ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ယင်းစခန်းမှ ၃ ကီလိုမီတာအကွာအဝေးအတွင်းရှိ လေးမျက်နှာမြို့ပေါ်ဒေသများတွင် MPT မိုဘိုင်းဖုန်းဆက်သွယ်ရေးများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

လေးမျက်နှာမြို့နယ်တွင် စုစုပေါင်း MPT မိုဘိုင်းစခန်း ၁၃ ခုရှိသည့်အနက် လက်ရှိအချိန်တွင် ၁၁ ခုမှာ ဆက်သွယ်ရေးပြတ်တောက်နေဆဲဖြစ်ကြောင်းဆိုသည်။

ရေဘေးအခြေအနေကြောင့် ယာယီဖြုတ်သိမ်းထားရသည့် စခန်း ၆ ခုမှာ လေး မျက်နှာအိတ်ချိန်း (End Site)၊ ကျတ်ကွင်း (Hub 2)၊ ညောင်ပင်ဝဲ၊ ခွေးသေ၊ အိုင်သပြုနှင့် ရေကြည်ကုန်းတို့ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့ပြင် Hub Site များ ဖြုတ်သိမ်းခဲ့ရခြင်းကြောင့် ပန်းတောကြီး၊ အောင်ဇံကွင်း၊ စမ်းကြီး၊ ယင်းဆယ်နှင့် ချင်းသံလွင် စခန်း ၅ ခုမှာလည်း ဆက်သွယ်ရေးပြတ်တောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် နင်းကြမ်းကျေးရွာ (AWD 00442) နှင့် ခမောက်စုကျေးရွာ (AWD 00617) ရှိ MPT မိုဘိုင်းစခန်း ၂ ခုသာ ဆက်သွယ်ရေးဝန်ဆောင်မှု ပုံမှန်ပေးနိုင်လျက်ရှိပြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်မှုမှာ ၁၆.၁၈ ရာခိုင်နှုန်းသာရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဓာတ်ပုံ-ARG

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ လဝက ဒု-ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန် ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့၍ လစ်လပ်သွားသော ဒု-ဝန်ကြီးနေရာတွင် အစားထိုးခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071