Thursday, August 6, 2026

အင်ချုံးလေဆိပ်လူဝင်မှုကြီးကြပ်ရေး၌ မိနစ် ၈၀ ခန့်...

ဩဂုတ်လ ၅ ရက် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင် အချိန်အတော်ကြာ စောင့်ဆိုင်းရလျက်ရှိကြောင်းသိရသည်။ သောကြာနေ့က အင်ချုံး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ မြန်မာ–ထိုင်း...

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးက ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို မြှင့်တင်ပေးမည် ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit)...

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ...

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ကို ကြိုဆိုအသိအမှတ်ပြုဟု...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ဖြစ်၍ ကြိုဆိုအသိအမှတ်ပြုသည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊...
HomeInternationalလော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆...

လော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆ ဦးရှိလာ၊ မီးငြိမ်းရေး အပြင်းအထန်ကြိုးပမ်းနေ

လေပြင်းများတိုက်ခတ်လာမှုကြောင့် လော့စ်ဆန်းဂျလိစ်မြို့တစ်ဝိုက် လောင်ကျွမ်းလျက်ရှိသော တောမီးကြီးကို ထိန်းချုပ်နိုင်ရန် စနေနေ့တွင် မီးသတ်သမားများက အချိန်နှင့်တပြေးညီ အသည်းအသန်ကြိုးပမ်းခဲ့ကြပြီး တောမီးသည် ရပ်ကွက်သစ်များသို့ ဦးတည်လောင်ကျွမ်းလျက်ရှိသည်။

မြို့ကြီးတစ်ဝန်း လောင်ကျွမ်းလျက်ရှိသော တောမီးကြောင့် ‌ေ-သဆုံးသူ ၁၆ ဦးထက်မနည်းရှိခဲ့ပြီဟု အတည်ပြုထားကာ လူနေရပ်ကွက်များကို အပျက်အစီးပြင်ဖြစ်စေခဲ့ပြီး ထောင်နှင့်ချီသော မီးသတ်သမားများနှင့် သန်းနှင့်ချီသော ကယ်လီဖိုးနီးယားပြည်နယ်သားတို့၏ ခံနိုင်ရည်ကို စမ်းသပ်နေခဲ့သည်။

ဝေဟင်တပ်ဖွဲ့ဝင်များ၏ တိကျသေချာသော ဝေဟင်မီးငြိမ်းသတ်မှုများအပါအဝင် သူရဲကောင်းဆန်ဆန် ကြိုးပမ်းငြိမ်းသတ်မှုများလုပ်နေသော်လည်း တောမီးကြီးသည် ဇန်နဝါရီ ၁၁ ရက်တွင် ဆက်လက်ကြီးထွားနေခဲ့ပြီး အရှေ့ဘက်ရှိ အဖိုးမဖြတ်နိုင်သော လက်ရာပစ္စည်းများစုစည်းထားရာ Getty Centre အနုပညာပြတိုက်နှင့် မြောက်ဘက်ရှိ လူဦးရေထူထပ်သော San Fernando တောင်ကြားဆီသို့ ဦးတည်လောင်ကျွမ်းလျက်ရှိသည်။

လေပြင်းတိုက်ခတ်မှုများကြောင့် လာမည့်ရက်ပိုင်းအထိ မီးလောင်ကျွမ်းမှု အားကောင်းလာမည်ဟု ရာသီဥတုခန့်မှန်းသူများက သတိပေးခဲ့သည်။

ကယ်လီဖိုးနီးယားတောင်ပိုင်း၏ စိုးရိမ်ရသော မီးဘေးရာသီအခြေအနေများသည် ယနေ့တွင် ကံအကြောင်းမလှစွာဖြင့် ပြန်မြင့်တက်လာမည်ဖြစ်ကြောင်းနှင့် အနည်းဆုံး နောက်သီတင်းပတ်အစောပိုင်းအထိ ကြာမြင့်နိုင်ကြောင်း နိုင်ငံတော်မိုးလေဝသဌာနက ပြောကြားခဲ့သည်။

“ဒီအတွက်ကြောင့် မီးလောင်တဲ့နေရာက ပိုမိုကျယ်ပြန့်လာနိုင်ပြီး မီးလောင်ပြင်အသစ်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု ဆိုခဲ့သည်။

မြို့ကို ဖုံးလွှမ်းနေသော ထူထဲသောမီးခိုးများမှ အဆိပ်အတောက်များ မရှုရှိုက်မိစေရန် မီးဘေးကြုံရသူများအနေဖြင့် အဆောက်အအုံများအတွင်းသာနေထိုင်ကြရန်နှင့် နှာခေါင်းစည်းများတပ်ဆင်ကြရန် သတိပေးထားသည်။

တရားဝင်ကိန်းဂဏန်းများအရ မီးလောင်မှုအတွင်း အဆောက်အအုံပေါင်း ၁၂,၀၀၀ ကျော် မီးကျွမ်းခဲ့သည်ဟု ဆိုသော်လည်း ကယ်လီဖိုးနီးယား သစ်တောနှင့်မီးဘေးကာကွယ်ရေးအရာရှိ တော့ဒ် ဟော့ကင်းစ်က ယင်းတွင် အားလုံးသည်နေအိမ်များချည်းမဟုတ်ကြောင်း၊ ဘေးဆွယ်အဖီများ၊ ယာဉ်များနှင့် တဲများကို လည်းပါဝင်ကြောင်း ဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ချုံးလေဆိပ်လူဝင်မှုကြီးကြပ်ရေး၌ မိနစ် ၈၀ ခန့် စောင့်ရနိုင်

ဩဂုတ်လ ၅ ရက် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင် အချိန်အတော်ကြာ စောင့်ဆိုင်းရလျက်ရှိကြောင်းသိရသည်။ သောကြာနေ့က အင်ချုံး အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ၌ နိုင်ငံခြားသား ခရီးသွားများသည် စစ်ဆေးမှုခံယူရန် တန်းစီစောင့်ဆိုင်းနေကြစဉ် အတန်းများသည် အလွန်အမင်း ရှည်လျားနေသည်ကို တွေ့ရသည်။ ခရီးသွား ၃၀၀ မှ ၄၀၀ ခန့်အထိ တန်းစီဧရိယာအတွင်း တိုးဝှေ့ဝင်ရောက်လာသဖြင့် ဝင်ပေါက်အနီးတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ လေဆိပ်နှင့် လူဝင်မှုကြီးကြပ်ရေး လမ်းညွှန်ဝန်ထမ်းများ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မိန့်ခွန်းပြောကြား

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးက ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို မြှင့်တင်ပေးမည် ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ အတူတကွတက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ အဆိုပါဖိုရမ်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Queen Sirikit National...

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi Bodin Building ၌ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ဦးဆောင်ကျင်းပသည့် မြန်မာ-ထိုင်းနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အိမ်နီးချင်းနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကိုထိန်းသိမ်းထားပြီး အာဆီယံနှင့်လည်း ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကိုအလေးထားဆောင်ရွက်သွားမည်ဟု ပြောကြားသည်။ ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အစိုးရချင်းဆက်ဆံရေး၊ တပ်မတော်ချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်းနှင့် အဖွဲ့အစည်းများကြားဆက်ဆံရေးတို့တွင် ကဏ္ဍပေါင်းစုံ၌ ခိုင်မာအားကောင်းလျက်ရှိပြီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်ရှိသည့် နိုင်ငံများဖြစ်သည်ဟု ပြောကြားသည်။ ထို့ကြောင့် နှစ်နိုင်ငံကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071